တရုတ်စစ်သင်္ဘောတွေရဲ့ လှုပ်ရှားမှု စောင့်ကြည့်နေတယ်လို့ အမေရိကန် ပြော
ဝါရှင်တန်၊ ဒီဇင်ဘာ ၈ တရုတ်စစ်သင်္ဘောတွေ ကမ္ဘာဒီးယားရဲ့အဓိကရေတပ်အခြေပြုနေရာတွေမှာ သီးသန့်ထိန်းချုပ် မယ့်တရုတ်ရဲ့ အစီအစဉ်တွေကို စောင့်ကြည့်နေတယ်လို့ အမေရိကန်နိုင်ငံ ခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ ကမ္ဘောဒီးယားရဲ့ရိမ်ရေတပ်စခန်းကို တရုတ်စစ်သင်္ဘောတွေ ဆိုက်ရောက်လာပြီး သင်တန်း အတွက်ပြင်ဆင်နေတာဖြစ်တယ်လို့ ခမာကာကွယ်ရေးဝန်ကြီးက သူရဲ့လူမှုကွန်ရက်စာမျက်နှာ မှာ ဒီဇင်ဘာလ ၃ ရက်နေ့က ဖော်ပြထားပါတယ်။ တရုတ်စစ်သင်္ဘောတွေရောက်ရှိလာတာဟာ ကမ္ဘောဒီးယားခေါင်းဆောင်နဲ့ တရုတ်ဗဟိုစစ်ရေး ကော်မရှင်ဒုတိယ ဥက္ကဋ္ဌတို့ရဲ့…
