ဖိလစ်ပိုင်သမ္မတ မားကိုစ့် ကိုဗစ်ကူးစက်ခံထားရ

0
130
FILE PHOTO: Ferdinand Marcos Jr. President of the Philippines speaks at the Asia-Pacific Economic Cooperation (APEC) CEO Summit in San Francisco, California, U.S., November 15, 2023. REUTERS/Carlos Barria/File Photo

မနီလာ၊ ဒီဇင်ဘာ ၆

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့်ဂျူနီယာ ကိုဗစ်ကူးစက်ခံထားရတယ်လို့ စစ်ဆေးချက်တွေအရ သိရပေမယ့် အစည်းအဝေးတွေကို အွန်လိုင်းစနစ်နဲ့ ကျင်းပသွားမယ်လို့ သမ္မတရုံးက အသိပေး  ထားပါတယ်။

မားကိုစ့်ဟာ ၅ ရက်ကြာ သီးသန့်နေထိုင်သွားမှာဖြစ်ပြီး ဘယ်လိုဗိုင်းရပ်စ်အမျိုးအစားကူးစက်ခံ ထားရတယ်ဆိုတာကိုတော့ သမ္မတရုံးက အတည်မပြုထားပါဘူး။

“သမ္မတဟာ သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်သွားမှာဖြစ်မှာပြီးတော့ ချိန်းဆိုထားတဲ့ အစည်းအဝေးတွေကို တယ်လီကွန်ဖရန့်ကတဆင့် ကျင်းပမှာဖြစ်ပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကအထိ လူလုံးထွက်ပြထားတဲ့ သမ္မတမားကိုစ့်ဟာ သမ္မတနန်းတော်ကွင်းပြင်မှာ ကျင်းပမယ့် မိသားစုနေ့ အခမ်းအနားကို တက်ရောက်သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ အခမ်းအနားတွေကိုတော့ ဖျက်သိမ်းသွားဖို့ရှိနေ ပေမယ့် ဗုံးခွဲတိုက်ခိုက်ခံရတဲ့ ကိစ္စ၊ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် ဖိလစ်ပိုင်တောင် ပိုင်း မင်ဒါနာအိုကျွန်းကို သွားရောက်ဖို့ရှိတယ်လို့ အသိပေးထားပါတယ်။

မားကိုစ့်ဟာ ၂၀၂၀ ခုနှစ်ကလည်း ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး အဲဒီအချိန်ကတော့ ကျန်းမာရေး ဦးစီးဌာနက ထိုးနှံပေးတဲ့ Booster ဆေးကို ဒုတိယအကြိမ်ထိုးထားတာပါ။

ဖိလစ်ပိုင် ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၁၃၄၀ ဦးအထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ ၄ ဒသမ ၁ သန်းရှိခဲ့ပြီး အဲဒီထဲက အများစုဟာ ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.