ဟားမတ်စ်တို့ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စုံစမ်းစစ်ဆေးဖို့ UN ကော်မရှင် သက်သေတောင်းခံ

0
176
Palestinians gather at the site of Israeli strikes on houses and a mosque in the central Gaza Strip October 29, 2023. REUTERS/Mohammed Fayq Abu Mostafa

ဂျီနီဗာ၊ ဒီဇင်ဘာ ၁

အစ္စရေး-ဟားမတ်စ် နှစ်ဖက်လုံးရှိ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးမယ့် ကုလစုံစမ်းရေးကော်မရှင်က ဟားမတ်စ်တို့ရဲ့လိင်အကြမ်းဖက်မှုဖြစ်ရပ်တွေအပေါ် အာရုံစိုက်သွားမှာဖြစ်ပြီး သက်သေအထောက်အထား တွေအတွက် အယူခံဝင်တော့မယ်လို့ အဖွဲ့ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

အစောပိုင်းမှာ ကုလသမဂ္ဂက နှုတ်ဆိတ်နေမှုကြောင့် အစ္စရေးနဲ့ဓားစာခံမိသားစုတွေရဲ့ ဝေဖန်မှုတွေကြားမှာပဲ သက်သေအထောက်အထားတွေကို နိုင်ငံတကာ ရာဇဝတ်တရားရုံးသို့ လွှဲပြောင်းပေးမှာဖြစ်ပြီး တရားစွဲဆိုမှုတွေကို ထည့်သွင်းစဉ်းစားဖို့ တောင်းဆိုသွားမယ်လို့ ဥက္ကဌ နာဗီပီလေးက ဆိုခဲ့ပါတယ်။  

“အခု ကျွန်မက ကော်မရှင်ရဲ့ ဥက္ကဌအဖြစ် ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ အခွင့်အာဏာရှိတဲ့သူဖြစ်တယ်၊ ဒါကြောင့် ငါတို့ မလုပ်စရာ ဘာအကြောင်းမှ မရှိဘူး” လို့ သူမက ပြောခဲ့ပါတယ်။

အခုအချိန်မှာ အချို့လူတွေက သက်သေခံချက်ပေးဖို့ စိတ်အားထက်သန်နေပြီး သူတို့ကိုလည်း အစိုးရရှေ့နေ တွေထံ လွှဲပြောင်းပေးမယ်လို့ သူမက ဆိုခဲ့ပါတယ်။

ဒါပေမယ့် အစ္စရေးက ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် သူမအတွက် အဓိကစိန်ခေါ်မှုဖြစ် နေပြီး အနာဂတ်မှာ တရားစွဲဆိုမှုတွေကို ပံ့ပိုးဖို့ လုံလောက်တဲ့ အထောက်အထားတွေကိုစုဆောင်းဖို့လည်း ရုန်းကန်ရနိုင်တာ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံသမိုင်းတစ်လျှောက် လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုအတွင်း မုဒိမ်းမှု အပါအဝင် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုကျူးလွန်ခံရသူတွေရဲ့ အထောက်အထားတွေ ထွက်ပေါ်လာပြီးနောက် အစ္စရေးအာဏာပိုင်တွေကလည်း သူတို့ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုတွေကို ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။

ဟားမတ်စ်ကတော့ အဲဒီကျူးလွန်မှုတွေကို ငြင်းဆိုထားပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ စုဆောင်းရရှိထားတဲ့ အထောက်အထားတွေဟာ တိုက်ခိုက်မှုနှစ်ဖက်စလုံးရှိ စစ်ရာဇဝတ်မှုတွေအား တရားစွဲဆိုရန်အတွက် အခြေခံတွေဖြစ်လာပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးထိ ဆွဲခေါ်နိုင်တယ်လို့ ICC ရဲ့ ထိပ်တန်း အစိုးရရှေ့နေက ပြောပါတယ်။

ပီလေးဟာ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုဖြစ်ပေါ်ကတည်းက ICC ရဲ့ အစိုးရရှေ့နေတွေနဲ့ တွေ့ဆုံခဲ့ပြီး သက်သေအထောက်အထားတွေ မျှဝေရာမှာ ပေါင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့တယ်လို့ ရိုက်တာသို့ ပြောခဲ့ပါတယ်။

ပီလေးရဲ့ လူ ၁၈ ဦးပါ ကော်မရှင်ကို အစ္စရေးနိုင်ငံထဲသို့ စုံစမ်းစစ်ဆေးမှုအတွက် ဝင်ရောက်ခွင့်ပြုဖို့ စည်းရုံးရာ မှာ အမေရိကန်နဲ့ အီဂျစ်တို့ရဲ့အကူအညီကို တောင်းဆိုခဲ့ပါတယ်။

ပီလေးဟာ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးရဲ့ ဂါဇာဒေသအပေါ် ဗုံးကြဲတိုက် ခိုက်မှုကို လုံးဝထိတ်လန့်ဖွယ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး သေဆုံးသူဦးရေ ၁၅၀၀၀ ကျော်အထိ မြင့်မားနေမှုကို လည်း ရှုတ်ချခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.