အမေရိကန်ထောက်ပြထားတဲ့ လုံခြုံရေးကဏ္ဍတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အိန္ဒိယမှာ ကော်မတီ ဖွဲ့စည်း

0
148
(From left to right) Photo provided by the Indian Press Information Bureau showing US Defense Secretary Lloyd Austin, Secretary of State Antony Blinken, Indian Defense Minister Rajnath Singh and Minister of Foreign Affairs, Subrahmanyam Jaishankar, 2+2 Ministerial Dialogue meeting, in New Delhi, India, on November 10, 2023. EFE-EPA/INDIAN PIB/ FOR EDITORIAL USE ONLY/NO SALES

နယူးဒေလီ၊ ဒီဇင်ဘာ ၁

ဆစ်ခ် လူမျိုးခွဲထွက်ရေးခေါင်းဆောင် သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက ထုတ်ပြန်ထားတဲ့ သတိပေးချက်နဲ့ လုံခြုံရေးကဏ္ဍစိုးရိမ်မှုတွေကို တရားဝင်စုံစမ်းဖို့ ကော်မတီတစ်ရပ်ဖွဲ့စည်းလိုက်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် မတိုင်မီ တစ်ပတ်အလိုမှာအမေရိကန်က ဆစ်ခ် ခွဲထွက်ရေး ခေါင်းဆောင်ကို သတ်ဖြတ်တဲ့ ကြံစည်မှုမှာ အိန္ဒိယဘက်က ပါဝင်ပတ်သက်မှု ရှိနိုင်တယ်လို့ သတိပေးခဲ့တာပါ။

အမေရိကန်နိုင်ငံရဲ့ ထုတ်ပြန်ချက်ဟာ ကနေဒါပြီးနောက် ထွက်ပေါ်လာတာဖြစ်ပြီး ဆစ်ခ် ဘာသာရေးခေါင်းဆောင် သတ်ဖြတ်ခံရတဲ့ ကိစ္စမှာ အိန္ဒိယအေးဂျင့်တွေ ပါဝင်ပတ်သက်မှု ရှိမရှိနဲ့ ပတ်သက်ပြီး ကနေဒါဘက်ကလည်း စုံစမ်းမှုတွေလုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

အိန္ဒိယဘက်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး အိန္ဒိယအတွက် တိကျတဲ့ အချက်လက်တွေကို ပေးထားတာမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

အမေရိကန်ကလည်း အဲဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့အချက်အလက်တွေကို ဧပြီလအစောပိုင်းက ဝန်ကြီးချုပ်နဲ့ အစိုးရထံ စတင် တင်ပြထားတယ်လို့ ဆိုထားပေမယ့် မီဒီယာနဲ့ ပြောဆိုခွင့်မရှိဘူး လို့ အိန္ဒိယအရာရှိတစ်ဦးက ရိုက်တာကို ပြောပါတယ်။

အိန္ဒိယတာဝန်ရှိသူတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ကာကွယ်ရေး ဝန်ကြီး လွိုက်တော်စတင်တို့က နယူးဒေလီမြို့မှာ သွားရောက်တွေ့ဆုံကာ အင်ဒိုပစိတ်ဖိတ်ဒေသအတွင်းရှိ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ လုံခြုံရေးစိုးရိမ်မှုအပါအဝင် ဆစ်ခ် ဘာသာရေး ခေါင်းဆောင်သတ်ဖြတ်ခံရတဲ့ ကိစ္စတွေကို ဆွေးနွေးထားတယ်လို့ သိရပါတယ်။

Source: Reuters/ec

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.