BGF စခန်းပြုပြင်ဖို့ အတင်းအဓမ္မ လာခေါ်သွားတဲ့ဒေသခံ ၄၀ ဦးကို တစ်လကြာတဲ့အထိ ပြန်မလွှတ်သေး
ဘားအံ၊ ဒီဇင်ဘာ(၂) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘုရားကုန်း BGF စခန်းပြုပြင်ဖို့ဆိုပြီး အတင်းအဓမ္မ လာရောက်ခေါ်ဆောင်သွားတဲ့ ဒေသခံ ၄၀ ဦးကို တစ်လနီးပါးကြာတဲ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ အမှတ်(၁၀၁၄) ကရင်နယ်ခြားစောင့်တပ် BGF က ဗိုလ်တင်ဝင်း ဦးဆောင်တဲ့အဖွဲ့ဟာ ဘုရားကုန်း…
