စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် တနင်္သာရီစစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ဆေးဝါး ပြတ်လပ်လာနိုင်
တနင်္သာရီ၊ ဒီဇင်ဘာ (၂) တနင်္သာရီတိုင်းထဲမှာ အာဏာသိမ်းစစ်ကောင်စီက ကုန်ပစ္စည်းတင်ဆောင်ခွင့်ကို ပိုမိုကန့်သတ်လာတာကြောင့် စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်လာနိုင်တယ်လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ အခုနောက်ပိုင်းကာလအတွင်း တနင်္သာရီတိုင်းထဲက မြို့နယ်တွေမှာ စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်ပြီး ဆန်အပါအဝင် စားသောက်ကုန်၊ ဆေးဝါးသယ်ဆောင်ခွင့်ကို ပိုမိုတင်းကျပ်လာတာပါ။ ဆန်သယ်ရာမှာ ပိုင်ရှင်တစ်ဦးကို တစ်အိတ်သာ သယ်ဆောင်ခွင့်ပေးအပ်ထားပြီး ပိုသယ်လာပါက…
