Thanlwintimes

သိမ်ဇရပ်ရဲစခန်းက လက်နက်ကြီး ပစ်ခတ်လို့ ဒေသခံ ကလေးငယ် ၂ ဦး ဒဏ်ရာရ

သိမ်ဇရပ်၊ ဒီဇင်ဘာ(၁) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ရဲစခန်းကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် သိမ်ဇရပ်မြို့ထဲက ဒေသခံ ကလေးငယ် ၂ ဦး ထိမှန်ဒဏ်ရာရပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားတယ်လို့ KNU သထုံခရိုင်က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က သိမ်ဇရပ်နယ်မြေရဲစခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၄၀ မမ…

မွန်ပြည်နယ်မှာ ပဲပုတ်နဲ့မြေပဲတွေ ဈေးပြန်ကျလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၁) မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းတုန်းက ပဲပုတ်နဲ့မြေပဲတွေ ဈေးကောင်းရရှိခဲ့ပေမယ့် အခုအခါမှာတော့ တစ်တင်းကို ကျပ် ၆၀၀၀ ကနေ ကျပ် ၉၀၀၀ အထိ ဈေးနှုန်း ပြန်လည်ကျဆင်းလာတယ်လို့ ပဲကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က ပိဿာ ၂၀ ပါတဲ့ ပဲပုတ်တစ်တင်းကို ကျပ်…

ညောင်လေးပင်တိုက်ပွဲအတွင်း ဒေသခံနေအိမ်အလုံး ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံရ

ညောင်လေးပင်၊ ဒီဇင်ဘာ(၁) ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)မှာ KNLA KNDO တို့နဲ့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်မှုသာမက ဒေသခံ နေအိမ်အလုံး (၂၀) ထက်မနည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၇)ရက်နေ့က KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ဘောကထားကျေးရွာထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…

ဆားလင်းကြီးမြို့နယ် ထန်းဇင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့မှုကြောင့် ဒေသခံတစ်ထောင်ခန့် ထွက်ပြေးနေရ

ဆားလင်းကြီး၊ နိုဝင်ဘာ (၃၀) စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ထန်းဇင်ကျေးရွာကို စစ်ကောင်စီတပ်တွေက ဒီနေ့နေ့လည်ပိုင်း မှာ ဝင်ရောက်မီးရှို့ခဲ့လို့ ဒေသခံပြည်သူတစ်ထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဆားလင်းကြီးမြို့နယ် ထန်းဇင်ကျေးရွာအနီးမှာ မနေ့က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့နိုဝင်ဘာ(၃၀) နေ့လည်မှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တာဖြစ်ပြီး အခုအချိန်မှာ အင်တာနက်ဖြတ်တောက်ခံနေရတယ်လို့လည်း သိရပါတယ်။ “ မနေ့က တိုက်ပွဲဖြစ်တယ်။ စစ်ခွေးတွေက…

ဓာတုလက်နက်တွေရဲ့ ဘေးအန္တရာယ် ကာကွယ်နိုင်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

မော်လမြိုင် – နိုဝင်ဘာ(၃၀) စစ်ပွဲတွေမှာ သမားရိုးကျ လက်နက်တွေနဲ့သာမက အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းတွေကို စစ်လက်နက်တွေမှာ တပ်ဆင်ပစ်ခတ် တာကြောင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေအပြင် အရပ်သား တွေပါသေကျေ ဒဏ်ရာရလေ့ရှိတဲ့အတွက် ဓာတုလက်နက်တွေရဲ့ အန္တရာယ် ကာကွယ်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။ ဓာတုလက်နက်တွေက အဆိပ်တွေဟာ ဓာတ်ငွေ့၊အရည်နဲ့ အမှုန့် ပုံစံမျိုးစုံဖြစ်ပြီး အဲ့ဒီ ပစ္စည်းတွေကို သာမာန်အဝတ်အစားတွေ…

တော်လှန်ရေးမှာ ပြည်သူကို နည်းလမ်းမှန်ကန်စွာဦးဆောင်မှုပေးဖို့ လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ် ပြော

မော်လမြိုင် – နိုဝင်ဘာ(၃၀) အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ စစ်ကောင်စီလုပ်ဆောင်တာတွေကို သုံးသပ်လေ့လာမှုတွေ ပြုလုပ်ပြီး နွေဦးတော်လှန်ရေးမှာ ပြည်သူကို နည်းလမ်းမှန်ကန်စွာ ဦးဆောင်မှုပေးဖို့ လိုအပ်တယ် လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၉) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၇၆) ကြိမ်မြောက်အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။ “တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ စစ်ကောင်စီဘက်က…

အမျိုးသားလုံခြုံရေးကိစ္စတွေမှာ ပါဝင်နေတဲ့ နိုင်ငံခြားသားရှေ့နေတွေကို ဘေဂျင်းက အထူးအစိုးရိမ်နေ

ဟောင်ကောင်၊ နိုဝင်ဘာ (၃၀) ဟောင်ကောင်ခေါင်းဆောင် ဂျွန်လီက ပေကျင်းရှိ ဗဟိုအစိုးရဟာ အမျိုးသားလုံခြုံရေးကိစ္စတွေမှာ နိုင်ငံခြားရှေ့နေတွေပါဝင်ပတ်သက်နေခြင်းကို အလွန်စိုးရိမ်နေတယ်လို့ နိုဝင်ဘာလ ၂၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။ အဲဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘေဂျင်းရဲ့ အထင်ကရ တရားဥပဒေဆိုင်ရာ အဓိပ္ပာယ်ဖွင့် ဆိုချက်တွေကိုပါ ထည့်သွင်း ကိုးကားပြောဆိုခဲ့ပါတယ်။ နိုဝင်ဘာ ၂၈ ရက်နေ့မှာ လီက ဗြိတိန်ရှေ့နေတစ်ဦးဟာ အကျဉ်းကျနေတဲ့ ဒီမိုကရေစီလိုလားသူ…

တရုတ်နဲ့ ရွှေရောင်ဆက်ဆံရေးကာလ ပြီးဆုံးပြီလို့ ဗြိတိန်ဝန်ကြီးချုပ်ပြော

လန်ဒန် – နိုဝင်ဘာ(၃၀) တရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာ ဘီဘီစီသတင်းထောက်တစ်ဦး အရိုက်ခံရပြီးနောက် တရုတ်ဟာ ဗြိတိန်ရဲ့ တန်ဖိုးနဲ့ အကျိုးစီးပွားအတွက် စနစ်ကျတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့ဆိုပြီး ဗြိတိန် ဝန်ကြီးချုပ် ရီချီဆွန်နက်က ပြောခဲ့ပါတယ်။ ပထမဆုံး အဓိက နိုင်ငံခြားရေးမူဝါဒ မိန့်ခွန်းမှာ ဆွန်နက်က တရုတ်နိုင်ငံနဲ့ ယူကေဆက်ဆံရေးရဲ့ ရွှေခေတ်လို့ခေါ်တဲ့ ကုန်သွယ်ရေးဟာ လူမှုရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆီကို အလို အလျောက် ဦးတည်လာမယ်ဆိုတဲ့…

အစိုးရဌာနတွေမှာ တင်ဒါမပါဘဲ ပစ္စည်းဝယ်ယူခွင့်မပြုတော့ဘူးလို့ မလေးရှားဝန်ကြီးချုပ် အသစ်ပြော

ကွာလာလမ်ပူ – နိုဝင်ဘာ(၃၀) အစိုးရဌာနပစ္စည်း ဝယ်ယူရေးကို တင်ဒါလုပ်ငန်းစဉ်မပါဘဲ ခွင့်ပြုတော့မှာမဟုတ်ဘူးလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။ ပြည်သူ့ဝန်ထမ်းတွေကို ပြောတဲ့ သူ့ရဲ့ပထမဆုံးမိန့်ခွန်းမှာ မစ္စတာအန်ဝါက အစိုးရအဖွဲ့ကို သူဦးဆောင်ချိန်အတွင်း ဘဏ္ဍာရေးဆိုင်ရာ ယိုပေါက်တွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို ဆက်လက်ခွင့်ပြုသွားမှာမဟုတ်ဘူးလို့ ဆိုခဲ့တာပါ။ “အစိုးရ ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေကြတဲ့ လူတိုင်းကို အသင်းအဖွဲ့ တစ်ခုလို အလုပ်လုပ်ကြ ဖို့ ကျွန်ုပ်တောင်းဆိုပါတယ်။ ကျွန်ုပ်တို့တိုင်းပြည်ကို…