Thanlwintimes

CDM ဗိုလ်ကြီး ကောင်းသူဝင်းနဲ့ ဆက်သွယ်မေး မြန်းချက်။

အာဏာသိမ်း စစ်အုပ်စုဟာ ရုရှားနိုင်ငံရဲ့ နည်းပညာကို အသုံးပြုပြီး မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့ ဖြစ်နိုင်ခြေအလားလာတွေကို ပူးပေါင်းလေ့လာဖို့ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြ တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ စစ်အုပ်စုကတော့ နျူကလီးယားစွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ သိပ္ပံသုတေသန၊ ဆေးဝါး ထုတ်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းတွေ အတွက် အကျိုးရှိရှိ အသုံးချသွားမှာဖြစ်ကြောင်းနဲ့…

ဒီမော့ဆိုမှာ စစ်ကောင်စီက အတွဲလိုက်ဒုံးတွေနဲ့ပစ်နေတာကြောင့် တိုက်ပွဲပြင်းထန်နေ

ဒီမော့ဆို – နိုဝင်ဘာ(၃၀) ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်် သေးဆူလဲကျေးရွာမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အတွဲလိုက်ဒုံးတွေအပါအဝင် လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ တိုက်ပွဲဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၉) ရက်နေ့ နေ့လည် ပိုင်းအထိ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက ပြည်သူတွေနေထိုင်တဲ့ နေရာတွေကို အတွဲလိုက်ဒုံးတွေ၊လက်နက်ကြီးတွေနဲ့ ဆက် တိုက်…

ဘီးလင်းမှာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

ဘီးလင်း၊ နိုဝင်ဘာ (၃၀) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စု၊ အင်ဖလောင်းကျေးရွာမှာ နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ တောင်စွန်းကျေးရွာကနေ အင်ဖလောင်းကျေးရွာမှာ ချဲဖိုး လာကောက်တဲ့ ပြည်သူ့စစ်ခေါင်း ဦးဖုန်းမြင့်ကျော်ကို အမည်မသိသေနတ်သမား…

သေ့ဘောဘိုးအပါအဝင် မြဝတီ-ဝေါ်လေ ကားလမ်းကို ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ကြေညာ

မြဝတီ၊ နိုဝင်ဘာ (၃၀) ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေအတွင်းက သေ့ဘောဘိုးဒေသအပါအဝင် မြဝတီ-ဝေါ်လေ ကားလမ်းတစ်လျှောက်ကို နိုဝင်ဘာ(၂၈)ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။ KNU က ထိန်းချုပ်ထားတဲ့ ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါ်လေဒေသတစ်ဝိုက်နဲ့ မြဝတီ-ဝေါ်လေ ကားလမ်းတစ်လျှောက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းအပါအဝင် စစ်အင်အားအများ အပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို စစ်လက်နက်ကြီးမျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီဒေသတစ်ဝိုက်ကို…

စစ်အာဏာသိမ်း (၆၆၇) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၅၂ ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၃၀) AAPP ရဲ့ နိုဝင်ဘာလ (၂၉) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၆၇)ရက်အတွင်း ပြည်သူ (၂၅၅၂)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၄၇၁ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၄၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

ရခိုင်ပြည်နယ်က ကုန်လမ်း၊ရေလမ်းအချို့ ပြန်ဖွင့်ပေးလိုက်ပေမယ့် စိတ်မချရသေးဘူးလို့ ဒေသခံတွေ ပြော

စစ်တွေ၊ နိုဝင်ဘာ (၃၀) ရခိုင်ပြည်နယ်ထဲမှာ စစ်ရေး အကြောင်းပြချက်နဲ့ စစ်ကောင်စီဘက်က လနဲ့ချီ ပိတ်ဆို့ထားတဲ့ ကုန်လမ်း၊ ရေလမ်းအချို့ ပြန်ဖွင့်ပေးလိုက်ပေမယ့် နှစ်ဖက်စောင့်ကြည့်နေတဲ့ အခြေအနေကြောင့် စိတ်ချရတဲ့ အနေအ ထား မရှိသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရက္ခိုင့်တပ်တော်(AA) နဲ့စစ်ကောင်စီတပ်ရဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ထဲက ကုန်လမ်း၊ ရေလမ်းအချို့ကို စစ်ကောင်စီဘက်က လနဲ့ချီ ပိတ်ဆို့ထားခဲ့ပြီး…

ထားဝယ်ခရိုင် ကြက်ခြေနီ ဒုတပ်ဖွဲ့မှူး အပါအဝင် ၄ ဦးဖမ်းဆီးခံရ

ထားဝယ်၊ နိုဝင်ဘာ (၃၀) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကြက်ခြေနီ ဒုတပ်ဖွဲ့မှူးအပါအဝင် ၄ ဦးကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၈ နာရီလောက်မှာ ထားဝယ်မြို့မယ်ဒီလန်းပုဂ္ဂလိကဆေးရုံမှာ အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ ဆေးကုသမှုခံနေရတဲ့ အသက် ၂၀ အရွယ် ကိုအတာမင်းဆိုတဲ့…

မွန်လူငယ်နေ့ကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာ ကျင်းပဖို့ လျာထား

မော်လမြိုင်၊ နိုဝင်ဘာ(၃၀) လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ၁၁ ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာ ကျင်းပဖို့ လျာထားတယ်လို့ မွန်လူငယ်ဆုံရပ် (MYF) က သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်လူငယ်နေ့ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက စတင်ကျင်းပလာတာဖြစ်ပြီး ဒီနှစ်ဆိုရင် ၁၁ ကြိမ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ဒီနှစ်မှာကျရောက်တဲ့ မွန်လူငယ်နေ့ကိုတော့…

မွန်ဝန်ကြီးချုပ် ရွေးကောက်ပွဲအမှု လာမယ့်ရုံးချိန်းမှာ အမိန့်ချမယ်

မော်လမြိုင်၊ နိုဝင်ဘာ (၃၀) မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် အာဏာသိမ်းစစ်ကောင်စီက တရားစွဲထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာမှုတွေအတွက် လာမယ့်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမှတ်သွားမယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှု ဖွင့်လှစ်ထားတာပါ။…

နိုင်ငံတကာမှာ မိတ်ဆွေနိုင်ငံတွေ များလာအောင်ကြိုးပမ်းဖို့ NUG ယာယီသမ္မတ ညွှန်ကြား

မော်လမြိုင် – နိုဝင်ဘာ(၂၉) အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေအနေနဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာ မိတ်ဆွေ နိုင်ငံတွေများပြားလာအောင်ကြိုးပမ်းလုပ်ဆောင်ကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းခဲ့ပါတယ်။ ဒီနေ့ နိုဝင်ဘာလ(၂၉) ရက်နေ့မှာပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၇၆) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။ “နိုင်ငံတကာကို ကြည့်ရင် နိုင်ငံအားလုံးဟာ မိတ်ဆွေတွေ ဖြစ်ဖို့ ခဲယဉ်းပေမယ့် ရန်သူတွေ မဖြစ်အောင်လုပ်ရမယ်ဆိုတာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် အားလုံးအနေနဲ့ နိုင်ငံတကာ…