ဘုန်းတော်ကြီးကျောင်းတွေမှာ ညအိပ်ညနေ ဧည့်သည်တည်းခိုခွင့်မပြုဖို့ တိုင်းသံဃနာယကအဖွဲ့က အမိန့်ထုတ်
ရန်ကုန်၊ နိုဝင်ဘာ (၂၉) ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ညအိပ်ညနေဧည့်သည်လက်ခံလို့ မှုခင်းတွေ ဖြစ်နေရတယ်လို့ဆိုကာ လုံခြုံရေးအရ ညအိပ်ညနေ တည်းခွင့်မပြုဖို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယ ကအဖွဲ့က အမိန့်ထုတ်ပြန်တားမြစ်လိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့က စာအမှတ် (၄-၃၈၃/တနက/(သာ-ထွေ)/၂၀၂၂ နဲ့ နိုဝင်ဘာ ၂၃ရက်နေ့စွဲနဲ့ တားမြစ်ချက်ထုတ်ပြန်လိုက်တာပါ။ ဘုန်းတော်ကြီးကျောင်းတွေမှာ ညအိပ်ညနေလက်ခံတာတွေကြောင့် လုယက်မှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေ စ တဲ့ မှုခင်းတွေဖြစ်ပေါ်ခဲ့တယ်ဆိုပြီး သက်ဆိုင်ရာဌာနတွေက…
