Thanlwintimes

ဒီးမော့ဆိုမြို့နယ်ထဲကို စစ်ကောင်စီတပ် တင့်ကားတွေသုံးပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေ

ဒီးမော့ဆို၊ ဒီဇင်ဘာ(၂၉) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲကို စစ်ကောင်စီဘက်က တင့်ကားတွေအပါအဝင် စစ်အင်အားတွေ ထပ်မံတိုးချဲ့လာပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးဖို့အတွက် တင့်ကားတွေဟာ လွိုင်ကော်-ဒီမော့ဆို၊ ဒီမော့ဆို-မိုးဗြဲ သွားတဲ့ လမ်းမကြီးပေါ်မှာ နေရာချထားသလိုရှိနေပြီး ဒီရက်ပိုင်းအတွင်း လေယာဉ်နဲ့ကင်းထောက်မှု ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က တင့်ကားတွေသုံးပြီး စစ်ကြောင်းထိုးလာနိုင်တာကြောင့် စစ်ရေးအသင့် ပြင်ဆင်ထားတယ်လို့…

မွန်ပြည်နယ်မှာ ကွမ်းသီးဈေးနှုန်း ပြန်လည်မြင့်တက်လာ

မော်လမြိုင်၊ ဒီဇင်ဘာ(၂၉) မွန်ပြည်နယ်မှာတော့ ဒီနှစ်ကွမ်းသီးပေါ်ရာသီမှာ ကွမ်းသီးထွက်ရှိမှုနှုန်း သိသိသာသာ ကျဆင်းလာတာကြောင့် ကွမ်းသီးဈေးနှုန်း ပြန်လည်မြင့်တက်လာတယ်လို့ ကွမ်းသီးပွဲရုံလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကွမ်းသီးတွေဟာ အရင်နှစ်တွေက အရည်သောက်အရွယ် ကွမ်းသီးနုတွေကို တရုတ်ကဈေးကောင်းပေး ဝယ်ယူခဲ့တဲ့အတွက် ရောင်းချမှုတွေများလာပြီးနောက် ကွမ်းသီးပေါ်ရာသီမှာတော့ ကွမ်းသီးထွက်ရှိမှုနှုန်း သိသိသာသာကျဆင်းလာတာပါ။ ကွမ်းသီးအထွက်နှုန်း လျော့နည်းလာတာကြောင့် ကွမ်းသီးတစ်ပိဿာကို ကျပ် ၃၅၀၀ ကနေ ကျပ် ၄၁၀၀…

၁၁ ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနား ဝယ်ဇင်မှာကျင်းပ

မော်လမြိုင်၊ ဒီဇင်ဘာ(၂၉) ဒီကနေ့မှာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ၁၁ ကြိမ်မြောက်မွန်လူငယ်နေ့အခမ်းအနားကို မွန်ပြည် သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ၊ ထားဝယ်ခရိုင်၊ ဝယ်ဇင်ဒေသမှာ ကျင်းပခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ မွန်လူငယ်နေ့ကို နိုင်ငံရေးအခြေအနေကြောင့် အခုနှစ်မှာတော့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှာ ကျင်းပခဲ့တာ ဖြစ်ပြီး မွန်ပြည်သစ်ပါတီ (NMSP) ဘက်က ရဲဘော်၊ရဲမေတွေက လုံခြုံရေးယူပေးကြတာ…

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၅) နှစ်ချမှတ်

မန္တလေး – ဒီဇင်ဘာ(၂၈) တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီ အိုးဘိုထောင်တွင်း အထူးတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၅) နှစ် ချမှတ်လိုက်တယ်လို့ မန္တလေး ဒေသခံရှေ့နေတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဒီဇင်ဘာလ(၂၈) ရက်နေ့မှာ သူမကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ငွေကျပ် (၃) သိန်းထောက်ပံ့တယ်ဆိုတဲ့…

ရေဖြူမြို့နယ်မှာ မိုင်းဆွဲခံရတဲ့ စစ်ကောင်စီယာဉ်တန်း တက်ကြိတ်သွားလို့ အမျိုးသမီး တစ်ဦး သေဆုံး

ရေဖြူ – ဒီဇင်ဘာ(၂၈) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက မိုင်းဆွဲခံရတဲ့ စစ်ကောင်စီယာဉ်တန်း ဝင်တိုက်ပြီး တက်ကြိတ်သွားတဲ့အတွက် ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီး တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၆ နာရီဝန်းကျင်လောက်မှာ ထားဝယ်ဘက်ကနေ ရေဖြူဘက်ကို မောင်းနှင်းလာတဲ့ ကား ၁၄…

နျူကလီးယားလက်နက်ပိုင်ဆိုင်ထားပေမယ့် မြောက်ကိုရီးယားကို ကြောက်မနေသင့်ဘူးလို့ တောင်ကိုရီးယား သမ္မတပြော

ဆိုးလ်၊ ဒီဇင်ဘာ(၂၉) မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ်တွေ ကျူးကျော်ဝင်ရောက်ပြီးနောက် ရန်စမှုမှန်သမျှနဲ့ နျူကလီးယား လက်နက်တွေကိုပါ ဂရုမစိုက်ဘဲ မဆိုင်းမတွတုန့်ပြန်သွားမယ်လို့ တောင်ကိုရီးယားသမ္မတက ပြောကြား လိုက် ပါတယ်။ မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ် (၅) စင်းဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ တောင်ကိုရီးယားနိုင်ငံအတွင်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့တာကြောင့် တောင်ကိုရီးယားစစ်တပ်ရဲ့ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေးရဟတ် ယာဉ်တွေဟာ မောင်းသူမဲ့လေယာဉ်တွေကို ပစ်ချဖို့အတွက် အရေးပေါ်ပျံသန်းခဲ့ရတာပါ။…

ဇန်နဝါရီလက စတင်ပြီး တရုတ်နိုင်ငံက ပြန်ဝင်လာသူတွေကို ကိုဗစ်စစ်ဆေးမယ်

တိုင်ပေ – ဒီဇင်ဘာ(၂၉) ကိုဗစ်ကူးစက်မှုမြင့်မားနေတဲ့ တရုတ်နိုင်ငံက ပြန်လည်ရောက်ရှိလာမယ့်သူတွေကို ထိုင်ဝမ်က ဇန်နဝါရီလ(၁) ရက်နေ့ကစတင်ပြီး ကိုဗစ်စစ်ဆေးသွားမှာဖြစ်ပြီး ရောဂါကူးစက်မှုမဖြစ်ပွားစေ ဖို့အတွက် ထိန်းချုပ်မှုအသစ်တွေလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ထိုင်ဝမ် ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ဗဟိုစင်တာက တရုတ်နိုင်ငံက တိုက်ရိုက်လေကြောင်း လိုင်းနဲ့ ပြန်ရောက်လာမယ့် သူတွေသာမက ကမ်းလွန်ကျွန်တွေကို လှေစီခရီးသွားကြမယ့် ခရီး သည်အားလုံးကို နိုင်ငံထဲဝင်ရောက်လာချိန်မှာ PCR စစ်ဆေးမှုတွေ…

၂၀၂၂ ခုနှစ်မှာ လူသန်း(၁၀၀) လောက်နေအိမ်စွန်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြ

ဝါရှင်တန် – ဒီဇင်ဘာ(၂၉) ကုလသမဂ္ဂရဲ့နှစ်ကုန်ပိုင်း အစီရင်ခံစာအရ အိုးအိမ်စွန့်ခွာထွက်ပြေးသူ အနည်းဆုံး သန်း(၁၀၀) ရှိခဲ့ကာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က သန်း(၉၀) ထက်ပိုမိုများပြားခဲ့ပြီး ဒီဖြစ်စဉ်တွေဟာ ဘယ်တော့ မှမရှိသင့်တဲ့ မှတ်တမ်းတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ နေရပ်စွန့်ခွာထွက်ပြေးရတာတွေဟာ အကြမ်းဖက်ဖြစ်စဉ်တွေနဲ့ ကြာရှည်တဲ့ ပဋိပက္ခတွေကြောင့် ဖြစ်ပြီး မြန်မာ၊ယူကရိန်း၊အာဖဂန်နစ္စတန်၊အီသီယိုးပီးယား၊ဘာကီနာဖာဆို နဲ့ ဆီးရီးယား တို့ အပါအဝင် ကမ္ဘာ့နေရာ…

မော်လမြိုင်တက္ကသိုလ် ကျောင်းသား တစ်ဦး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရ

မော်လမြိုင် – ဒီဇင်ဘာ(၂၈) မော်လမြိုင်တက္ကသိုလ် ရူပဗေဒ နောက်ဆုံးနှစ် ကျောင်းသား ကိုမျိုးသူရအောင်ကို စစ်ကောင်စီက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ထောင်ဒဏ် ၁၃ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့က ထုတ်ပြန်ပါတယ်။ ကိုမျိုးသူရအောင်ဟာ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့က နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပြီး ၅ လကျော်အကြာ…