မွန်ပြည်နယ်ဝန်ကြီးချုပ် ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရ
မော်လမြိုင်၊ ဒီဇင်ဘာ(၃၀) ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်ကနေ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ စစ်ကောင်စီဟာ ဝန်ကြီးချုပ်ဒေါက်တာအေးဇံအပေါ် စွဲဆိုထားတဲ့အမှုအားလုံးအတွက် ထောင်ဒဏ်ပြစ်ဒဏ်အသီးသီးချမှတ်ပြီးနောက် ဒီဇင်ဘာနောက်ဆုံးအပတ်မှာ ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ၂ နှစ်နီးပါးအကြာ ဖမ်းဆီးချုပ်နှောင်ပြီးနောက်…
