ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် PNDF (ခမ်းကောင်) ပြန်ကြားရေးတာဝန်ခံနဲ့ ဆက်သွယ်မေးမြန်းချက်။

0
5344

“သူတို့ဘုန်းကြီးကျောင်းမှာ ဝင်သွားတဲ့အချိန်မှာ နေရာတော်တော်များများမှာ စကစသုံးကာကွယ်ရေး ပစ္စည်းတွေ၊ ကပစထုတ်တဲ့ ကျည်ဖူးခွံတွေ တွေ့ရတယ်။ဘုန်းကြီးကျောင်းရဲ့ နေရာအနှံ့အပြားမှာလည်း လက်နက်ကြီးတွေ တွေ့ရတယ်။ သူတို့သတ်ခဲ့တယ် ဆိုတာ သက်သေခိုင်လုံတယ်”

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာအုပ်စု နမ်းနိန်းရွာမှာ မတ် ၁၁ ရက်နေ့က သံဃာတော် ၃ ပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၉ ဦး အစုံအလိုက် အပြုံအလိုက် သတ် ဖြတ် ခံခဲ့ရပါတယ်။ ဒီဖြစ်စဉ်အပေါ် နှစ်ဖက်အပြန်အလှန် စွပ်စွဲတာတွေ ရှိနေပါတယ်။ ဒါကြောင့် အပြစ်မဲ့ပြည် သူတွေကို အစုံအလိုက်၊ အပြုံအလိုက် သတ်ဖြတ်ခံရတဲ့အခြေအနေ၊ အဲဒီကျေးရွာအတွင်း စစ်ကောင်စီ စစ် ကြောင်း ဘယ်လိုပုံစံနဲ့ ဝင်ရောက်လာတာလဲ။ စစ်ကောင်စီဘက်က စွဲစွပ်ချက်တွေအပေါ် ဘယ်လို တုံ့ပြန် လိုက်ပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် PNDF (ခမ်းကောင်) ပြန်ကြားရေးတာဝန်ခံနဲ့ ဆက်သွယ်မေးမြန်းချက်။

အရင်ဆုံး ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာဖြစ်စဉ်က ဘယ်လိုဖြစ်ခဲ့တာလဲ။

မတ်လ၁ရက်နေ့မှာ သူတို့ကလမ်းရှင်းပြီးတော့ လက်နက်ကြီးအကူနဲ့ စပစ်ပြီးတော့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတယ်။ စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ရွာထဲကိုဝင်တယ်။ ပြီးတော့ အိမ်တွေကိုမီးရှို့တယ်။ ပြီးတော့ ဘုန်းကြီးကျောင်းရောက်တော့ ဘုန်းကြီးကျောင်းမှာ မြေအောက်ထဲမှာ ခိုလှုံနေတဲ့ ရွာသူရွာသားတွေနဲ့ ကျောင်းထိုင်ဘုန်းကြီးအပါအဝင် ရွာသူရွာသားတွေကို မြေအောက်ကျင်းကနေ ဆွဲထုတ်ပြီးတော့ မြေအောက် ကျင်းရဲ့ အရှေ့ဘက်နံရံမှာ ရက်ရက်စက်စက်ပစ်သတ်ခဲ့တယ်။

အရှေ့မှာလည်း ဓာတ်ပုံမှတ်တမ်းတွေအရ ကျွန်တော်တို့ ဘာတွေရလဲဆိုတော့ ကျွန်တော်တို့အနေနဲ့ သေ နတ်ပစ်ထားတဲ့နေရာတွေက ဇကာလိုမျိုးဖြစ်နေတယ်ပေါ့။  အရှေ့မှာလည်း ဓာတ်ပုံမှတ်တမ်းတွေအရ အလောင်းတွေနဲ့ဆိုတော့ ကျွန်တော်တို့က ရွာသူရွာသားတွေကို တစ်ယောက်ချင်းစီ ဆွဲထုတ်ပြီးတော့ အရှေ့မှာတန်းစီလိုက်တယ်။ အဲဒီလိုမျိုးပုံစံ ကျွန်တော်တို့က ထင်မြင်ယူဆမှု ရှိတယ်။

စစ်ကောင်စီတပ်က ကျေးရွာအတွင်းမဝင်စဉ် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် PNDF အနေနဲ့ ရွာသားတွေကို အသိပေးတာတွေ ရှိခဲ့လား။

ရွာထဲမှာ ဘုန်းကြီးကျောင်းမှာလည်း လူတွေခိုလှုံနေတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ထိုင်ကြည့်နေတယ် တော့ မဟုတ်ဘူးပေါ့။ မဖြစ်ခင်ကတည်းက ကျွန်တော်တို့အနေနဲ့ သွားပြီးအကြောင်းကြားတယ်။ ဘုန်းကြီး ကျောင်းကနေ အမြန်ဆုံးထွက်ခွာပေးဖို့ပေါ့။ ရှောင်ကြဖို့ပေါ့။ မဟုတ်ဘူးဆိုရင် သူတို့ မသေချာဘူးပေါ့။ ကျွန် တော်တို့အနေနဲ့ သွားအကြောင်းကြားထားတာတော့ ရှိတယ်။

ရွာသားတွေကို သတ်ခဲ့တာက ကာကွယ်ရေးတပ်တွေဆိုပြီး စစ်ကောင်စီက စွပ်စွဲတာတွေရှိနေတယ်။ဆိုတော့ ဒီကိစ္စကို စစ်ကောင်စီလုပ်ခဲ့တယ်ဆိုတာ ဘယ်လိုခိုင်လုံတဲ့အချက်တွေရှိနေပါသလဲ။

သူတို့အနေနဲ့ တယ်လီဂရမ်ချန်နယ်မှာ တင်ထားတဲ့ပုံစံအရဆိုရင် သူတို့အနေနဲ့ ကယားပဒက်တွေကို ဆုံးမ လိုက်တယ်ဆိုပြီး စာသားနဲ့သူတို့အနေနဲ့ ရွာသူရွာသားတွေရဲ့ ဘေးမှာ လက်လုပ်သေနတ်လေးတွေနဲ့ ထည့် ထားပြီးတော့ သူတို့အနေနဲ့ ဓာတ်ပုံရိုက်ပြီး တင်ထားတာရှိတယ်။ ကြည့်ရသလောက်တော့ အဲဒီလိုမျိုး သူတို့ အနေနဲ့ ကယားပဒက်တွေကို ဆုံးမခြင်းဆိုပြီး ကယားတွေကို သတ်ဖြတ်တဲ့ပုံစံတွေ ကယားပဒက်တွေဆိုပြီးမှ သူတို့အဲဒီလိုမျိုး တင်ထားတဲ့ပို့စ်တွေတော့ရှိတယ်။ သူတို့အနေနဲ့ ဘုန်းကြီးကျောင်းမှာရှိတဲ့  ရွာသူရွာသားတွေ ကို သတ်တယ်ဆိုတာ တိကျပြီပေါ့။

ပြီးတော့ သူတို့ဘုန်းကြီးကျောင်းမှာ ဝင်သွားတဲ့အချိန်မှာ နေရာတော်တော်များများမှာ စကစသုံးကာကွယ်ရေး ပစ္စည်းတွေ၊ ကပစထုတ်တဲ့ ကျည်ဖူးခွံတွေ တွေ့ရတယ်။ ပြီးတော့တော်တော်များများ ဘုန်းကြီးကျောင်းရဲ့ နေရာအနှံ့အပြားမှာလည်း လက်နက်ကြီးတွေ တွေ့ရတယ်။ သူတို့သတ်ခဲ့တယ်ဆိုတာ သက်သေခိုင်လုံတယ်။ ကျွန်တော်တို့ ပေ့ချ်မှာလည်း သက်သေနဲ့တကွ ဓာတ်ပုံတွေ စာသားတွေရေးပြီး မြင်သာအောင် တင်ထားတာ ရှိတယ်။

စစ်ကောင်စီက သူတို့သတ်ဖြတ်ခဲ့တာ PDF တွေဆိုပြီး ပြောတာရှိတယ်ဆိုတော့ ဒီအပေါ်မှာ ဘယ်လို တုံ့ပြန်ချင်တာ ရှိမလဲ။

ဒီကိစ္စနဲ့ပက်သက်ပြီးတော့ ကျွန်တော်တို့ ပြောရမယ်ဆိုရင် အသတ်ခံရတဲ့ထဲမှာ သာမန်ပြည်သူတွေပါပဲ။ ဘာလို့ အဲဒီလိုပြောလို့ရလဲဆို အလောင်းရဲ့ဘေးမှာ အိမ်ထောင်စုစာရင်းတွေ သန်းခေါင်စာရင်းတွေ အကုန်လုံးက ပြည်သူတွေဖြစ်ကြောင်း သတ်မှတ်လို့ရတယ်။ သူတို့အနေနဲ့ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေအရလည်း တော်တော်များများက သာမန်အရပ်သားတွေ ဝတ်တဲ့အဝတ်အစားတွေပဲ။ ပြီးတော့ တော်တော်များ များ ကျည်ဆန်တွေကလည်း ကပစသုံးတဲ့ ကျည်ဆန်တွေပဲ သုံးတယ်။ ပစ်သတ်ထားတာ တော်တော်များများ သာမန်ပြည်သူတွေပါပဲ။ အဲဒီထဲမှာတော့ ပအိုဝ့်ပြည်သူတော်တော်များများပါတယ်။

နောက်ဆုံးအနေနဲ့ စစ်ကောင်စီတပ်က အရပ်သားတွေကို သတ်တာအပြင် တခြားဘာတွေလုပ်ခဲ့သေးလဲ။

ဒီနေ့ညနေပိုင်း လေကြောင်းပစ်ကူဝင်ပြီးတော့ ပြန်ဆုတ်သွားတယ်။ ကျွန်တော်တို့အနေနဲ့ မတ်လ၁ရက်နေ့မှာ ဒရုန်းဓာတ်ပုံတွေအရတော့ ဘုန်းကြီးကျောင်းထဲကိုဝင်တယ်။ ဝင်ပြီးတော့ သူတို့အနေနဲ့ ဆိုင်ကယ်တွေ မီးရှို့ တယ်။ ရိက္ခာတွေ၊ဆန်တွေ မီးရှို့တယ်။ ရွာသူရွာသားတွေကို ရက်ရက်စက်စက် သတ်ပစ်တယ်။ ပြီးတော့ ညနေပိုင်းလောက်က သူတို့ပြန်ဆုတ်သွားတယ်ပေါ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.