Thanlwintimes

လေကြာင်းရန်ကာကွယ်ဖို့အတွက် ဒေါ်လာ (၁.၄) သန်းအသုံးပြုနေတယ်လို့ NUG အသိပေး

မော်လမြိုင် – မတ်(၃၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ Project DragonFly ကရရှိထာတဲ့ ရန်ပုံငွေထဲက ဒေါ်လာ (၁.၄) သန်းကို လေကြောင်းရန်ကာကွယ်ရေး အတွက် အသုံးပြုနေသလို တန်ပြန်လေကြောင်းတိုက်ခိုက်ရေး ကဏ္ဍအတွက် ဒေါ်လာ (၈) သိန်းလျာထားသုံးစွဲနေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာ Fundraiser တွေဆီကတဆင့် Project DragonFly အတွက် အမေရိကန် ဒေါ်လာ (၂.၂) သန်းကို…

စစ်ကောင်စီ မယ်ခါးထာတပ်စခန်း KNLA ပူးပေါင်းတပ် သိမ်းပိုက်

ကော်သူးလေ၊ မတ်(၃၁) ကော်သူးလေအုပ်ချုပ်နယ်မြေ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီအတွက် စစ်ရေးဗျူဟာမြောက်တဲ့ မယ်ခါး ထာတပ်စခန်းကို KNLA တပ်မဟာ(၅)ပူးပေါင်းအဖွဲ့က (၄၅)မိနစ်နဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU တပ်မဟာ(၅)က မတ်လ(၃၀)ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ ထိုင်းနယ်စပ် သံလွင်မြစ်ကမ်းနားမှာတည်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မယ်ခါးထာစခန်းကို ပြီးခဲ့တဲ့ မတ်လ (၂၈)ရက်နေ့ မနက်(၅)နာရီအချိန်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၅)ပူး ပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူလိုက်ပြီး…

စစ်အာဏာသိမ်း (၇၈၈) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၈၅ ဦးအထိရှိလာ

မော်လမြိုင်၊ မတ်(၃၁) AAPP ရဲ့ မတ်(၃၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၈၈)ရက်အတွင်း ပြည်သူ (၃၁၈၅)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၉၃၄ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်

“ကျွန်တော်တို့ဘက်က ပြုစုထားတဲ့ ဖက်ဒရယ်လမ်းညွှန် အခြေခံမူတွေလည်းပါတယ်။ အရပ်သားများကို အကာအကွယ်ပေးရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်တွေလည်း ဒါကျွန်တော် တို့ဘက်က တင်ပြတဲ့ ခေါင်းစဉ်တွေဖြစ်တယ်” အရင်ဆုံး စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမှုမှာ အပစ်ရပ် ၇ ဖွဲ့အနေနဲ့ ဘာတွေ တင်ပြဖြစ်ပါသလဲ။ ပထမအကြိမ်အလွတ်သဘောဆွေးနွေးပွဲကတော့ အဆင်ပြေပြေနဲ့ ညှိနှိုင်းလုပ်နိုင်တဲ့ အခင်းအကျင်းတစ်ခုကို ကျွန်တော်တို့ ပြန်လည်ပြီးတော့ စတင်ဖော်ဆောင်နိုင်တာ ဖြစ်တယ်။သူ့ဘက်က…

စစ်ကောင်စီရဲ့ ကုန်သွယ်မှုကန့်သတ်ချက်တွေကြောင့် ကုန်ပစ္စည်းရှားပါးမှုနဲ့ ကြုံရနိုင်

နေပြည်တော် ၊ မတ် (၃၀) အာဏာသိမ်းစစ်ကောင်စီရဲ့ ကုန်သွယ်မှုကန့်သတ်ချက်တွေနဲ့အတူ ပြည်တွင်း MSMEs လုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင် စွမ်းဆောင်ရွက်နိုင်ခြင်းမရှိဘဲ ကုန်ပစ္စည်းတင်သွင်းမှုတွေကို တင်းကျပ်လာတဲ့အတွက် လာမယ့်ကာလအတွင်း ကုန်ပစ္စည်းရှားပါးမှုနဲ့ ကြုံရနိုင်တယ်လို့ စီးပွားလုပ်ငန်းရှင်တွေက သုံးသပ်တာပါ။ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းက တရားမဝင်ကုန်သွယ်မှုတွေကြောင့် ပြည်တွင်းအသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs)တွေ တိုးတက်ဖို့ အဟန့်အတား ဖြစ်နေတယ်လို့…

အပစ်ရပ် ၇ ဖွဲ့နဲ့ စစ်ကောင်စီ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်လာနိုင်ဖွယ်မရှိ

နေပြည်တော် ၊ မတ် (၃၁) NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်တို့ ဆွေးနွေးတဲ့ ငြိမ်းချမ်းရေးအခင်းအကျင်း ဖြစ်နိုင်စရာမရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုလိုက်ပါတယ်။ အပစ်ရပ် ၇ ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့နဲ့ စစ်ကောင်စီ အမျိုးသားစည်းလုံးညီ ညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)တို့ မတ် ၂၈…

သထုံနဲ့ဘီးလင်းမှာ စစ်တပ်ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ဘီးလင်း၊ မတ်(၃၁) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တို့မှာ စစ်ကောင်စီတပ် ရဲ့ လက်နက်ကြီး ပစ်ခတ်တာနဲ့ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်နဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၈…

ကျိုက်ထီးရိုးတောင်ပေါ်မှာ စစ်ကောင်စီတပ် အင်အားတိုးချဲ့ပြီး လက်နက်ကြီးလာထိုင်

ကျိုက်ထို၊ မတ်(၃၁)မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ကျိုက်ထီးရိုးစေတီတည်ရှိရာ ကျိုက်ထီးရိုးတောင်ပေါ်မှာ စစ်ကောင်စီတပ်က တပ်အင်အားတိုးချဲ့ပြီး လက်နက်ကြီးတွေ လာရောက်တပ်ဆင်ထားတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အခုမတ်လနောက်ဆုံးအပတ်အတွင်း ကျိုက်ထီးရိုး ရဟတ်ယာဉ်ကွင်း၊ ရသေ့တောင် ဝန်းကျင်တွေမှာ ၁၂၀ မမ လက်နက်ကြီးတွေ ပစ်ခတ်နိုင်တဲ့ အထိုင်နေရာပြုလုပ်ထားသလို တပ်အင်အား ၁၀၀ ကျော် တိုးချဲ့ထားတာဖြစ်ပါတယ်။ သထုံခရိုင်…