လေကြောင်းတိုက်ခိုက်မှု စစ်ကောင်စီ အပြင်းအထန်အသုံးပြုလာ
လွိုင်ကော်၊ ဧပြီ(၈) အရေးပေါ်ကာလ သက်တမ်းထပ်တိုးထားတဲ့ စစ်ကောင်စီဟာ အခုနောက်ပိုင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေအတွင်း မြေပြင်ဆုံးရှုံးမှုများလာတာနဲ့အမျှ လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန်အသုံး ပြုလာတယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံဟာ သာမာန်အခြေအနေ မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ အရေးပေါ်ကာလ ခြောက်လသက်တမ်းထပ်တိုးထားတဲ့ စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းက တိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကို…
