Thanlwintimes

တောင်တရုတ်ပင်လယ်အတွင်းက အချုပ်အခြာအာဏာဆိုင်ရာ ရပိုင်ခွင့်တွေကို ကာကွယ်သွား မယ်လို့ မလေးအစိုးရ ကတိပြု

ကွာလာလမ်ပူ – ဧပြီ(၉) တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်းတချို့မှာ မလေးရှား တည်ဆောက်ထားတဲ့ စွမ်းအင် စီမံ ကိန်းတွေအပေါ် တရုတ်အစိုးရဘက်က စိုးရိမ်ပူပန်ကြောင်း ဖော်ပြပြီးနောက် ပင်လယ်အတွင်း မလေးရှားရဲ့ အချုပ်အခြာအာဏာဆိုင်ရာ ရပိုင်ခွင့်နဲ့ အကျိုးစီးပွားတွေကို ကာကွယ်သွားမှာ ဖြစ်တယ်လို့ ခိုင်မာစွာကတိပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ မလေးအစိုးရပိုင် ပက်ထရိုနက်စ် စွမ်းအင်လုပ်ငန်းစုရဲ့ ဆောင်ရွက်မှုတွေကို စိုးရိမ်ပူပန်ကြောင်းပြောခဲ့ပေမယ့်…

အဝေးရောက် ဧရာဝတီအသင်း OIA က မြန်မာစစ်ဘေးရှောင်တွေကို အခြေခံစားသောက်ကုန်တွေလှူဒါန်း

မဲဆောက် – ဧပြီ(၈) ထိုင်းနိုင်ငံဘက်ကို ခိုလှုံလာတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို အဝေးရောက်ဧရာဝတီအသင်း (OIA) က စစ်ဘေးရှောင်နေရာ (၂) နေရာအတွက် အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေအများဆုံးပါဝင်ပြီး အစား အသောက်၊ရေ၊ ဆေးဝါးတွေအရေးပေါ်လိုအပ်ချက်ရှိနေသလို တချို့နေရာတွေမှာ ရေချိုးဖို့ အဆင် မပြေတာတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီနေ့ ဧပြီလ(၈) ရက်နေ့အထိ…

PDF သုံးဦးကို စစ်ကောင်စီလက်အပ်လိုက်တဲ့ ထိုင်း လ.ဝ.က ကို ဥပဒေကြောင်းအရ ဖြေရှင်းပေးဖို့ ထိုင်းနိုင်ငံရေးပါတီ တောင်းဆို

ဘန်ကောက် – ဧပြီ(၈) ထိုင်းလူဝင်မှုကြီးကြပ်ရေးက PDF ရဲဘော်သုံးဦးကိုဖမ်းဆီးပြီး နေရပ်ပြန်ပို့ခံခဲ့ရပြီးနောက် မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်ခံလိုက်ရတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် လ.ဝ.က ဟာ ညှဉ်းပန်းနှိပ်စက်မှု တိုက်ဖျက်ရေး အက်ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း လူသိရှင်ကြား ရှင်းလင်းရမယ်လို့ ထိုင်း Commoners ပါတီက တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၅) ရက်နေ့က တာ့ခ်ခရိုင် မဲဆောက်မြို့မှာ PDF စစ်သား(၃) ဦးဟာ…

မင်းလှအခြေစိုက် က.ပ.စ – ၁၀ ကို ရှော့တိုက်ဒုံး(၂)လုံးနဲ့ ပစ်ခတ်တိုက်ခိုက် ထိခိုက်သေဆုံးမှုရှိနိုင်

မင်းလှ – ဧပြီ(၈) မကွေးတိုင်း၊ မင်းလှမြို့အခြေစိုက် လက်နက်ကြီးကျည်ထုတ်လုပ်တဲ့ အမှတ် (၁၀) ကာကွယ်ရေး ပစ္စည်းထုတ်စက်ရုံ(က.ပ.စ-၁၀) ကို ရှော့တိုက်ဒုံး(၂)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စက်ရုံမီးလောင်ခဲ့ပြီး လူသေဆုံးမှုတွေရှိခဲ့တယ်လို့ PRA မကွေးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၇) ရက်နေ့ကတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီစက်ရုံဟာ တာဝေးပစ်ဒုံး၊ တင့်ကားသုံး အမြောက်ဗုံးသီးနဲ့ လေယာဉ်ပစ်ဒုံးတွေ ထုတ်လုပ်ပေးနေတဲ့ စက်ရုံတစ်ခုလည်းဖြစ်ပါတယ်။ လက်နက်ကြီးကျည်ထုတ်လုပ်ရေးစက်ရုံ…

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းနဲ့ ဆက်သွယ်မေးမြန်းချက်

“ဖွဲ့စည်းပုံပြင်ဆင်ရေးတို့၊ ရွေးကောက်ပွဲတို့ အဲဒီဘက်ကို ဇောင်းပေးဆွေးနွေးတယ်ဆိုရင် မကြာခင် အဲဒီအဖွဲ့အစည်းတွေက ပါတီနိုင်ငံရေးအဆင့်ကို ရောက်သွားလိမ့်မယ်” NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဟာ မြန်မာ့နိုင်ငံရေး ပြဿနာမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်လည်စတင်ဖို့ စစ်ကောင်စီနဲ့တွေ့ဆုံပြီး ကြိုးပမ်းတာတွေ လုပ်ဆောင်နေတာပါ။ ဒါကြောင့် အပစ်ရပ် ၇ ဖွဲ့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲ…

နိုင်ငံတဝန်းမှာ တစ်လအတွင်း အမျိုးသမီး ၂၉ ဦးသေဆုံးပြီး ၅၈ ဦးဖမ်းဆီးခံရ

ရန်ကုန်၊ ဧပြီ(၈) နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ မတ်လတစ်လအတွင်း အမျိုးသမီး၂၉ ဦးသေဆုံးပြီး ၅၈ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ(Burmese Women’s Union) က ဧပြီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းက ၁၇ ဦး၊ ချင်းပြည်နယ်က ၄ ဦး၊ မကွေး တိုင်း ၃ ဦး ၊…

စစ်အာဏာသိမ်း (၇၉၆) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၂၂၅ ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ(၈) AAPP ရဲ့ ဧပြီ(၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၉၆)ရက်အတွင်း ပြည်သူ (၃၂၂၅)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၂၇၆ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၅၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

စီးပွားရေးဆိုးရွားစွာကျဆင်းနေမယ့် GDP တန်ဖိုးတိုးတက်လာဖို့ စစ်ကောင်စီမျှော်မှန်း

နေပြည်တော် ၊ ဧပြီ (၈) တိုင်းပြည်စီးပွားရေး ဆိုးရွားစွာကျဆင်းပေမယ့် လူတစ်ဦးချင်းစီရဲ့ ပျမ်းမျှထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) ကို နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၂၄ သိန်းကျော် ဖြစ်ပေါ်လာဖို့ ရည်မှန်းတဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကို စစ်ကောင်စီက ဧပြီ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေးရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ…