ထားဝယ်မြို့နယ် ပကာရီဒေသဘက်ကို စစ်ကောင်စီတပ်အင်အား ၂၀၀ နီးပါး စစ်ကြောင်းထိုးလာ
ထားဝယ်၊ ဧပြီ(၂၀) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာဘက်ကို စစ်ကောင်စီတပ်က အင်အား ၂၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတချို့ကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၁၉ ရက်နေ့ မနက်ပိုင်းကစပြီး တပ်အင်အား ၂၀၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ထား ဝယ်မြို့နယ် ဗျောတောဝဘက်ကနေ ပကာရီဘက်ကို ခြေလျင်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာ…
