ကိုဗစ်ကူးစက်မှုတွေ ထပ်မံကြုံတွေ့လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

0
5411

ဂျီနီဗာ – ဧပြီ(၂၀) 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ W.H.O ရဲ့ 

ကမ္ဘာမှာ ကိုဗစ်ကပ်ဘေး တည်ငြိမ်မှုမရှိသေးဘဲ ဗိုင်းရပ်စ် ကို ကြိုတင်ခန့်မှန်းလို့ မရသေးတဲ့ အခြေအနေမှာပဲရှိသေးတဲ့အတွက် ကူးစက်မှုတွေထပ်မံကြုံတွေ့လာရနိုင်တယ်လို့ W.H.O က သတိပေးခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ (၂၈) ရက်အတွင်း သေဆုံးသူ (၂၃၀၀၀) ကျော်နဲ့ ကူးစက်မှုဖြစ်စဉ် (၃) သန်းကျော် ရှိခဲ့ တယ်လို့ W.H.O ဆီကို အစီရင်ခံထားပြီး ဒီအခြေအနေဟာ ရောဂါစစ်ဆေးမှု လျှော့ချလိုက်တဲ့ အချိန်မှာ ဖြစ်ပေါ်လာတာလို့ ဆိုထားပါတယ်။ 

စစ်ဆေးနှုန်းကျဆင်းချန်မှာ လူအမြောက်အများ သေဆုံးနေသေးသလို လူအမြောက်အများ လည်းဖျာနာနေတာရှိတယ်လို့ W.H.O အရေးပေါ်လုပ်ငန်း ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန် က ပြောခဲ့ပါတယ်။ 

“ကျွန်ုပ်တို့အနေနဲ့ ကပ်ဘေးဆိုတဲ့ ခလုတ်ကို မပိတ်ရသေးပါဘူး။ အဲ့ဒါက ပိုပြီးတော့ ခန့်မှန်းနိုင် မယ့်ပုံစံအဖြစ် ဆက်လက်ကြုံတွေ့ရမယ့် လမ်းခရီးကြမ်းတစ်ခုဖြစ်ပါတယ်” လို့မစ္စတာ ရိုင်ယန် ကပြောပါတယ်။ 

ဒါ့အပြင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ဟာ ကပ်ဘေး ရောဂါအဖြစ်ကနေ အဆုံး သတ်တာမရှိသေးဘဲ လျော့ပါတဲ့ အတိုင်းအတာအဖြစ် ရာသီပေါ်ကပ်ဘေး အနေနဲ့ တည်ရှိပြီး အမြင့်ဆုံးကူးစက်နိုင်ချေရှိနေတယ်လို့ သူက ပြောပါသေးတယ်။  

W.H.O ရဲ့အရေးပေါ်အခြေအနေဆိုင်ရာ လုပ်ငန်းကော်မတီဟာ ကိုဗစ်အစည်းအဝေးကို (၃)လ တစ်ကြိမ်ကျင်းပနေပြီးလာမယ့်မေလအစောပိုင်းမှာလည်း ကျင်းပသွားဖို့ရှိတယ်လို့သိရပါတယ်။

အရင်ကျင်းခဲ့တဲ့ အစည်းအဝေးတွေအတိုင်း ဗိုင်းရပ်စ်ကို နိုင်ငံတကာက အထူးစိုးရိမ်ရတဲ့ လူထု ကျန်းမာရေးအတွက် အရေးပေါ် အခြေအနေ health emergency of international concern (PHEIC) ဆိုတဲ့ သတ်မှတ်ချက်တွေအတွင်း ပါဝင်နေတာရှိမရှိကိုလည်း ဆုံးဖြတ်သွားမှာပါ။ 

W.H.O က ကိုဗစ်ကို (PHEIC) အဖြစ်သတ်မှတ်တာဟာ ၂၀၂၂ ခုနှစ် ဇွန်လအတွင်းမှာ ဖြစ်ပြီး အဲဒီအချန်က တရုတ်နိုင်ငံပြင်းပမှာ ကူးစက်မှု လျော့နည်းပြီး သေဆုံးမှုမရှိချိန်မှာ ဖြစ်တယ် လို့ သိရပါတယ်။ 

ထိခိုက်လွယ်တဲ့ သူတွေမှာ သိသာထင်ရှားတဲ့ အသက်ရှုလမ်းကြောင်း ရောဂါတွေဖြစ်ပေါ်စေ နိုင်တဲ့ အတွက် ဗိုင်းရပ်စ်ကို သတ်မှတ်ချက်တွေကနေ ဖယ်ရှားမှာမဟုတ်ဘဲ တုတ်ကွေးရောဂါ အဖြစ် ဆက်လက်ထားရှိသွားမှာဖြစ်တယ်လို့ W.H.O အရေးပေါ်လုပ်ငန်း ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန် ကပြောခဲ့ပါတယ်။ 

Ref: AFP/rc

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.