မုန်တိုင်းဘေးသင့် ပြည်သူတွေအတွက် အရေးပေါ်ရန်ပုံငွေထုတ်မသုံးဘဲ စစ်ကောင်စီအလှူခံနေ
မော်လမြိုင် – မေ(၁၇) ပြည်ထောင်စုဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေပါဖော်ပြချက်အရ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်(၁၄)ခုအတွက် အရေးပေါ်ရန်ပုံငွေ ကျပ်သန်းပေါင်း (၁၁၄) သန်းခွင့်ပြုထားပေမယ့် စစ်ကောင်စီက မုန်တိုင်းဘေးသင့်ပြည်သူတွေအတွက် အလှူခံနေတာပါ။ မုန်တိုင်းတိုက်ခတ်ပြီးချိန်(၃) ရက်ကြာတဲ့အထိ စစ်ကောင်စီဘက်က အရေးပေါ်ရန်ပုံငွေကို မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် ဘယ်လောက်ထုတ်ယူသုံးစွဲမယ်ဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ မေလ(၁၄) ရက်နေ့က ရခိုင်ပြည်နယ်စစ်တွေမြို့ကို ဦးတည်တိုက်ခတ်လာတဲ့…
