Thanlwintimes

ဘုရင့်ဥပဒေကိုပြင်ဆင်ချင်နေတဲ့ ဝန်ကြီးချုပ်မျိုးကို အတည်ပြုထောက်ခံဖို့မရှိဘူးလို့ ဖူမီကျိုင် ပါတီပြောကြား

ဘန်ကောက်၊ မေ(၁၉) ထိုင်းနိုင်ငံရွေးကောက်ပွဲရဲ့ တတိယအဆင့်အနိုင်ရပါတီဖြစ်တဲ့ ဖူမီကျိုင် (Thai Pride Party) ပါတီက နိုင်ငံရဲ့ တော်ဝင်အသိုင်းအဝိုင်းအပေါ် စောကြောဝေဖန်ခြင်းဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ရေးလုပ်ဆောင်မယ့် ဝန်ကြီးချုပ်မျိုးကို မဲပေးမှာမဟုတ်ဘူးလို့ မေ(၁၇)ရက်နေ့က ပြောကြားလိုက်ပါတယ်။ ဒီလိုပြောကြားလိုက်တာကြောင့် အစိုးရဖွဲ့တော့မယ့် အမြင့်ဆုံးခေါင်းဆောင်နှစ်ဦးရဲ့ လမ်းကြောင်းကို ပိုမို ရှုပ်ထွေးသွားစေခဲ့တာပါ။ “ဖူမီကျိုင် ပါတီအနေနဲ့ ပြည်သူလူထုကို အသိပေးလိုတာကတော့ ပါတီဟာ ပြစ်မှုဆိုင်ရာ…

“ကယ်ဆယ်ရေးတွေက အများအားဖြင့် ဘုန်းကြီးကျောင်းတွေ၊ ရွာရဲ့စာသင်ကျောင်းတွေမှာ ထားတယ်။ ဒါပေမယ့် အဲဒီနေရာတွေကလည်း လုံခြုံလားဆို မလုံခြုံဘူး။ အမိုးတွေဘာတွေ ပွင့်သွားတာလည်းရှိတယ်။ ဒါပေမယ့် မလုံခြုံပေမယ့် လုံခြုံတဲ့နေရာက အဲဒီနေရာလေးက အကောင်းဆုံးဖြစ်နေတော့ အဲဒီလိုမျိုးနေရာတွေမှာပဲ ထားကြတာပေါ့ အခုထိတော့”

ရခိုင်ပြည်နယ်ဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က အလွန်အလွန့်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းမိုခါ ဝင် ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့သလို မြို့တော်စစ်တွေဟာလည်း ၉၀ ရာခိုင်နှုန်းနီးပါး ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ပြည်သူတွေဟာ အမိုးအကာ၊ သန့်ရှင်းတဲ့ သောက် သုံးရေ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းအကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့ ထိခိုက်ပျက်စီးမှုအခြေအနေ၊…

ရခိုင်မုန်တိုင်းဘေးအတွက် NUG သိန်းတစ်ထောင်လှူဒါန်း

စစ်တွေ – မေ(၁၇) ရခိုင်ပြည်နယ်ကိုဝင်ရောက်ခဲ့တဲ့ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း ကြောင့် ထိခိုက်ပျက်စီးမှုတွေ အတွက် ရခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ NUG အစိုးရက ငွေကျပ်သိန်းတစ်ထောင်လှူဒါန်းခဲ့တယ်လို့ ULA/AA ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့မေလ(၁၄) ရက်နေ့က ရခိုင်ပြည်နယ်ကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် စစ်တွေမြို့အပါအဝင် ဒေသတော်တော်များများဟာ (၉၅) ရာခိုင်နှုန်းလောက်ထိခိုက်ပျက်စီးခဲ့ရတာပါ။ ဒီလိုထိခိုက်ပျက်စီးမှုတွေအတွက် ရခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်နေတဲ့နေရာမှာ အသုံးပြုဖို့အတွက် KIO ဗဟိုဌာနချုပ်က…

“အစားအသောက်တွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ မြေပြင်မှာတော့ဈေးနှုန်းတွေတအားကြီးနေတယ်။ နောက်ပြီးတော့ စစ်ဘေးရှောင်ပြည်သူတွေကလည်း ဝယ်မစားနိုင်ဘူး။ သူတို့မှာလည်း ဝင်ငွေမရှိ၊ အိမ်မရှိ၊ အိုးမရှိဒုက္ခရောက်နေတဲ့ အချိန်အ ခါမျိုးမှာ အဲဒါကိုသူတို့(စစ်ကောင်စီ)က အချိန်နဲ့တပြေးညီစနစ်တကျ ကူညီဖို့လိုတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်”

ရခိုင်ပြည်နယ်ဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့တဲ့ အဖျက်စွမ်းအားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါ ကြောင့် မြို့တော်စစ်တွေအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပါတယ်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) ကတော့ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနောက် မြောက်ပိုင်း မုန်တိုင်းဖြတ်ကျော်သွားတဲ့ လမ်းကြောင်းမှာ နေထိုင်သူ လူဦးရေ ၅ ဒသမ ၄သန်းကျော်လောက် မုန်တိုင်းဒဏ်သင့်တယ်လို့ ခန့်မှန်းထားတာပါ။ ဒါကြောင့်လက်ရှိရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းသင့်ပြည်သူ တွေရဲ့ အခက်အခဲ၊ လိုအပ်နေတဲ့အကူအညီတွေ၊ စစ်ကောင်စီရဲ့အကူအညီပေးနေတယ်ဆိုတဲ့အပေါ်…

မြဝတီမြို့နယ်ကျောက်မိုင်းဒေသကို စစ်ကောင်စီဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်

မြဝတီ – မေ(၁၇) ကရင်ပြည်နယ် KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ မြဝတီမြို့နယ် ကျောက်မိုင်းဒေသဘက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ မေလ(၁၇) ရက်နေ့ မနက်အစောပိုင်းမှာ မြဝတီမြို့နယ် ကျောက်မိုင်းဒေသဘက်ကို စစ်ကောင်စီ ဂျက်ဖိုက်တာက (၃) ကြိမ်တိုင်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ဘူးလို့ တော်လှန် ရေးအင်အားစုတွေက ဆိုပါတယ်။…

ဒီးမော့ဆိုအရှေ့ခြမ်းမှာ တိုက်ပွဲတွေပြန်လည်ပြင်းထန်လာ

ဒီးမော့ဆို – မေ(၁၇) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းက ဒေသတွေကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ကရင်နီတော်လှန်ရေးတပ်တွေနဲ့ နေ့ရောညပါတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNDF က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ(၁၃) ရက်နေ့ကစပြီး စစ်ကောင်စီရဲ့အင်အား (၂၀၀) လောက်ပါတဲ့ စစ်ကြောင်းဟာ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ စစ်ကောင်စီစစ်ကြောင်းမှာ…

စစ်အာဏာသိမ်း (၈၃၆) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၅၁၉ ဦးအထိရှိလာ

မော်လမြိုင်၊ မေ(၁၈) AAPP ရဲ့ မေ(၁၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၈၃၆)ရက်အတွင်း ပြည်သူ (၃၅၁၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၂၄၀၇ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၁၂) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

မုန်းမြို့နယ်ထဲကို စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ဒေသခံတစ်သောင်းနီးပါးထွက်ပြေးနေရ

မုန်း- မေ(၁၇) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ (၃) တို့ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ကျေးရွာတွေထဲကို စစ်ကြောင်းထိုးနေလို့ ပြည်သူတစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မေလ(၁၄) ရက်နေ့မနက်အစောပိုင်းက KNU ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA…