Thanlwintimes

ဆန်စပါးသိုလှောင်သူတွေ မှတ်ပုံမတင်ရင် အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန်

နေပြည်တော်၊ မေ(၁၉) ဆန်တန်ချိန် (၅၀) နဲ့ စပါးတင်း(၅၀၀၀) အထက် သိုလှောင်ထားသူတွေအနေနဲ့ မှတ်ပုံမတင်ရင် ဥပ ဒေနဲ့အညီအရေးယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ သတ်မှတ်ထားတဲ့ ဆန်နဲ့စပါးတွေကို သိုလှောင်ရင် အွန်လိုင်းစနစ်နဲ့ မှတ်ပုံတင်လျှောက်ထားရမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ မေလ(၉) ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ ဆန်၊စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရနဲ့ပုဂ္ဂလိကအဖွဲ့က ပြောဆိုလိုက်တာပါ။ ဆန်၊စပါးလုပ်ငန်းရှင်တစ်ဦးကတော့…

စစ်ကိုင်းက မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေလှူဒါန်း

ယင်းမာပင် – မေ(၁၉) စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်ထဲက မုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရတဲ့ ကျေးရွာ(၂) ရွာက ပြည်သူတွေကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အခြေခံစားသောက်ကုန်တွေလှူဒါန်းခဲ့ပါတယ်။ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာ(၂) ရွာမှာရှိတဲ့ အိမ်ခြေ(၆၁၀) ကို လှူဒါန်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဒုက္ခသည်တွေအတွက် စားသောက်ဖို့အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ဒီလှူဒါန်းမှုကို အညာပစ်တိုင်းထောင်လေးများအဖွဲ့ Western Chindwin Association(WCA) နဲ့ Beyond The Chindwin…

ဘော်လခဲမြို့နယ်ထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီလေယာဉ်နဲ့ဗုံးကြဲလို့ အမျိုးသမီးတစ်ဦးသေဆုံး၊သက်ကြီးရွယ်အိုလေးဦးဒဏ်ရာရ

ဘော်လခဲ၊ မေ(၁၉) ကရင်နီပြည်နယ်၊ ဘော်လခဲမြို့နယ်ထဲက အရပ်သားတွေရှိတဲ့ကျေးရွာနဲ့လုပ်ငန်းခွင်တွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ဦးသေဆုံးကာ သက်ကြီးရွယ်အိုလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေလ(၁၇)ရက်နေ့ မနက် ၄နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘောလခဲမြို့နယ် စောလုံကျေးရွာကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီရဲ့တိုက် ပွဲမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့မှုတွေဟာ အခုနှစ်အတွင်း တတိယအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်…

နိုင်ငံရေးအကျပ်အတည်းဖြေရှင်းဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အပစ်ရပ် (၇) ဖွဲ့ထုတ်ပြန်

ချင်းမိုင် – မေ(၁၈) အပစ်ရပ် (၇) ဖွဲ့က NCA ရဲ့ အနှစ်သာရအပေါ် ခိုင်မာစွာရပ်တည်ပြီး နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ မေလ(၁၇) ရက်နဲ့ (၁၈) ရက်နေ့တွေမှာ ပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်…

စစ်အာဏာသိမ်း (၈၃၇) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၅၂၀ ဦးအထိရှိလာ

မော်လမြိုင်၊ မေ(၁၉) AAPP ရဲ့ မေ(၁၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၈၃၇)ရက်အတွင်း ပြည်သူ (၃၅၂၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၂၄၈၁ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၁၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

တနင်္သာရီမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းထိလို့ (၅) ဦးသေဆုံး

တနင်္သာရီ – မေ(၁၈) တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဘန်းလမွန်ရွာနဲ့ ညောင်ပင်ကုန်းရွာကြား (၄၃၃) တံတားအနီးမှာ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းထိပြီး (၅) ဦးသေဆုံးကာ (၃) ဦးဒဏ်ရာရရှိသွားတယ်လို့ တနင်္သာရီမြို့နယ် ပ.က.ဖ ပြန်ကြားရေးက ပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မေလ(၁၇) ရက်နေ့ မနက်ပိုင်းက မြိတ်ဘက်ကနေ တနင်္သာရီကို အင်အား (၈၀) ကျော်နဲ့…

စစ်ခေါင်းဆောင်ကိုယ်တိုင် မုန်တိုင်းသင့်ဒေသကိုသွားခဲ့ပေမယ့် ထိရောက်တဲ့အကူအညီပေးတာ မရှိသေး

စစ်တွေ- မေ (၁၉) စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မုန်တိုင်းဒဏ်သင့် စစ်တွေမြို့ကို သွား ရောက် ကြည့်ရှုခဲ့ပေမယ့် ထိရောက်တဲ့အကူအညီပေးတာတွေမရှိသေးသလို အလှူငွေတွေကိုလည်း ပွင့်လင်းမြင်သာမှုရှိစွာ သုံးစွဲတာမတွေ့ရသေးဘူးလို့ မုန်တိုင်းဒဏ်ခံပြည်သူတွေနဲ့ လေ့လာသူတွေက ဝေဖန်နေပါတယ်။ မုန်တိုင်းအဓိက ဝင်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင် ပြည်နယ်အတွင်းက မြို့နယ် (၁၇) မြို့နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်(၄) မြို့နယ်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ…

အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း နိုင်ငံတဝန်းတိုက်ပွဲပေါင်း (၉၃၀၀) ကျော်ဖြစ်ပွားခဲ့

မော်လမြိုင် – မေ(၁၈) မြန်မာနိုင်ငံကို စစ်အာဏာသိမ်းကာလ(၂) နှစ်ကျော်အတွင်း နိုင်ငံတဝန်းမှာ လက်နက်ကိုင်တိုက်ပွဲပေါင်း (၉၃၀၀) ကျော်ဖြစ်ပွားခဲ့တယ်လို့ ISP-Myanmar က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ပွဲတွေထဲမှာ ဒီနှစ်ပထမလေးလတာအတွင်း နိုင်ငံတဝန်း တိုက်ပွဲပေါင်း (၁၄၀၀) ကျော် ဖြစ် ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေထဲက (၅၈) ရာခိုင်နှုန်းဟာ တိုင်းရင်းသားလက်နက်ကိုင် (EAOs) နဲ့ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေနဲ့…

တရုတ်စစ်တပ်ကို ပျက်လုံးထုတ်မိတဲ့ ဟာသဖျော်ဖြေရေးကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၂ သန်း ဒဏ်ရိုက်

ဘေဂျင်း၊ မေ(၁၉) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ပတ်သက်ပြီး ဟာသပျက်လုံးတစ်ခုကို ထည့်သွင်းမိခဲ့တဲ့ ဟာသ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို အာဏာပိုင်တွေက ယွမ်သန်းတဲ့ချီတဲ့ဒဏ်ငွေရိုက်ခဲ့ပြီး ဥပဒေအရ အရေးယူခံရ မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က ဘေးဂျင်းမြို့မှာကျင်းပခဲ့တဲ့ House လို့ အမည်ရတဲ့တင်ဆက်မှုတစ်ခုမှာ လီဟောင်ရှီ ဟာ တရုတ်တပ်မတော်ရဲ့ ကြွေးကြော်သံကို ရည်ညွှန်းတဲ့ ဟာသတင်ဆက်မှုကို ပြုမူခဲ့တာပါ။ လီက အဲဒီတင်ဆက်မှုမှာ ရှဉ့်တစ်ကောင်ကို လိုက်ဖမ်းနေတဲ့ သူရဲ့အိမ်မွေးခွေးတွေကို…

ယူကရိန်းရောက်နေတဲ့ တရုတ်သံတမန်က ငြိမ်းချမ်းရေးဆွေးနွေးဖို့တိုက်တွန်း

ကိယက်ဗ် – မေ(၁၉) ယူကရိန်းကိုရောက်နေတဲ့ တရုတ်အထူးကိုယ်စားလှယ်က ဘက်အားလုံးကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ တရုတ်အထူးသံတမန်လီဟးအနေနဲ့ နှစ်ရက်တာ ကိယက်ဗ်ကို သွားရောက်ခဲ့တဲ့ခရီးစဉ်မှာ ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီး၊ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး၊ အခြားနိုင်ငံခေါင်းဆောင်တွေနဲ့အတူ ယူကရိန်း-ရုရှား ပဋိပက္ခအရေးကို ဆွေးနွေးခဲ့တာပါ။ ဆွေးနွေးပွဲမှာ နိုင်ငံရေးအရပြေလည်မှုနဲ့ အဆုံးသတ်စေမယ့် နည်းလမ်းတွေကို အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့တယ်လို့…