TLT Tv||- ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၉) ရက် ကြာသပတေးနေ့ ည(၈)နာရီ သတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/dYh7MasGR9w
https://youtu.be/dYh7MasGR9w
မဲဆောက် – ဖေဖော်ဝါရီ(၉) ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်လေဆိပ်ကို ခရီးသည်တင်လေယာဉ်အမျိုးအစား A320 နဲ့ ဘို ရင်း-၇၃၇ တို့ ဆင်းသက်နိုင်ရေးအတွက် ဘတ်ငွေမီလျံတစ်ထောင်ကျော်အသုံးပြုပြီး ပြင်ဆင် သွားဖို့ ရှိတယ်လို့ လေကြောင်း အာဏာပိုင်ဦးစီးဌာနနဲ့ နီးစပ်တဲ့ရင်းမြစ်တွေမှာ ဖော်ပြထားပါ တယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လေယာဉ်ပြေးလမ်းအသစ်ချဲ့ထွင်းတာကို ဆောင်ရွက်ပြီးစီးဖွင့်လှစ်ထား ကာ Thai Air Asia ကလည်း…
ဘန်ကောက်၊ ဖေဖော်ဝါရီ(၉) ထိုင်းသတင်းရုပ်သံလိုင်းတစ်ခုရဲ့ ဝန်ထမ်းတစ်ဦးဟာ အလုပ်လုပ်နေစဉ်အတွင်း လုပ်ငန်းခွင်ကစားပွဲခုံပေါ်မှာ သေဆုံးခဲ့တဲ့အတွက် ကုမ္ပဏီဘက်က မိသားစုဝင်တွေကို နစ်နာကြေးပေးသွားမယ်လို့ ဆိုပါတယ်။ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့ Thai News Network TNN အဆောက်အအုံမှာ အလုပ်စား ပွဲပေါ်မှ လဲကျသေဆုံးခဲ့တဲ့သူဟာ အသက် ၄၄ နှစ် အရွယ်ရှိတဲ့ ဆူရာဝတ် ဆီရီဆာဝတ်ပဲဖြစ်ပါတယ်။ သူဟာ အစီအစဉ်…
ပြုံယမ်း – ဖေဖော်ဝါရီ(၉) မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ လူမြင်ကွင်းကနေ (၃၆) ရက်ကြာပျောက်ကွယ် ရာကနေ ရုတ်တရက်ပြန်ပေါ်လာပြီးနောက် နိုင်ငံကို စစ်ပွဲအတွက် ပြင်ဆင်ဖို့ အမိန့်ပေးခဲ့တယ် လို့ သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အာဏာရအလုပ်သမားပါတီ ဗဟိုစစ်ကော်မရှင်အစည်းအဝေး မှာ တစ်လကျော်ကြာလူသိရှင်ကြားထုတ်ပြန်ထားတာမရှိတဲ့ အကြောင်းပြချက်နဲ့ ပျောက်ကွယ် ရာကနေ ပထမဆုံးအကြိမ် အဖြစ် လူမြင်ကွင်းကို…
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်နဲ့ ဆက်သွယ်မေး မြန်းချက်။ အာဏာသိမ်း စစ်ကောင်စီဟာ ရုရှားအကူအညီနဲ့ နျူးကလီးယားနည်းပညာသတင်းအချက်အလက် စင်တာကို ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကဖွင့်လှစ်ခဲ့ပြီးနောက်နျူးကလီးယား နည်းပညာ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။ တဖက်မှာတော့ စစ်ကောင်စီဟာ ရုရှားနည်းပညာနဲ့ နျူးကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့နဲ့ နျူးကလီးယားလုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်သွားဖို့…
ထီးလင်း – ဖေဖော်ဝါရီ(၉) မကွေးတိုင်း၊ထီးလင်းမြို့နယ်မှာ အရပ်ဝတ်နဲ့ လှုပ်ရှားသွားလာနေတဲ့ စစ်ကောင်စီထောက်လှမ်း ရေးတွေကို ဖမ်းဆီးရမိချိန်မှာ ထွက်ပြေးတာကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ YRA ထီးလင်းအဖွဲ့ခေါင်းဆောင် သခင်ဇော်က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၇) ရက်နေ့ က Yaw Revolution Army ရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ သူတို့တွေဟာ…
ပုလော၊ ဖေဖော်ဝါရီ(၉)တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့ တိုရွာမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ နေ့လည် ၂ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နယ်မြေလုံခြုံရေး လိုက်လံ ဆောင်ရွက်စဉ် စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ပြီးနောက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အချိန်…
မော်လမြိုင်၊ ဖေဖော်ဝါရီ(၉) AAPP ရဲ့ ဖေဖော်ဝါရီ(၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၃၈)ရက်အတွင်း ပြည်သူ (၂၉၆၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၆၉၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၁၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…
မော်လမြိုင်၊ ဖေဖော်ဝါရီ(၉) မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း အထွေထွေ အကျပ်အတည်းတွေကြောင့် တစ်နိုင်တစ်ပိုင် ကြက်မွေးမြူရေးလုပ်ငန်း အားလုံးနီးပါး ရပ်နားလိုက်ရပြီလို့ မွေးမြူရေးလုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တစ်နိုင်တစ်ပိုင် ကြက်မွေးမြူရေးလုပ်ငန်းတွေဟာ မွေးမြူရေးသုံး သွင်းအားစုတွေဖြစ်တဲ့ အစာနဲ့ဆေးဈေးတွေ အဆမတန်မြင့်တက်လာတာ၊ ကြက်ခြံဆောက်လုပ်ရေး စရိတ်ကြီးမြင့်နေတာ၊ အထွေထွေကုန်ကျစရိတ်နဲ့ လုပ်အားခတွေပါ မြင့်တက်နေတာကြောင့် လုပ်ငန်းတွေ ရပ်နားလာရတာ ဖြစ်ပါတယ်။…
သထုံ၊ ဖေဖော်ဝါရီ(၉) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် အုပ်ချုပ်နယ်မြေတွေဖြစ်တဲ့ ဘီးလင်း၊ သထုံနဲ့ ဘားအံမြို့နယ်ထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံ ၅၀၀၀ ကျော် ထပ်မံထွက်ပြေးနေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ပထမအပတ်အတွင်း သထုံမြို့နယ် ထုံးဘိုကြီးနဲ ထုံးဘိုလေးကျေးရွာ၊ ဘားအံမြို့နယ်ထဲက မင်းစောကျေးရွာ၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာထဲကို လက်နက်ကြီးနဲ့…