Thanlwintimes

ဟော်လိုးဝင်းည ဖြစ်စဉ်ကြောင့် ပြည်ထဲရေးဝန်ကြီးကို စွပ်စွဲပြစ်တင်ဖို့ ပါလီမန် မဲခွဲဆုံးဖြတ်

ဆိုးလ် – ဖေဖော်ဝါရီ(၁၀) တောင်ကိုရီးယားနိုင်ငံမှာ လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ ဟောလိုးဝင်းည လူအုပ်ကြီးနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး လီဆန်မင်ကို စွပ်စွဲပြစ်တင်ဖို့ တောင်ကိုရီးယားလွှတ်တော် ကိုယ်စားလှယ်တွေက မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၈) ရက်နေ့ မဲခွဲဆုံးဖြတ်တာဟာ လွှတ်တော်ကနေ ဖြုတ်ချခဲ့တဲ့ နိုင်ငံရဲ့ ပထမဆုံး အစိုးရအဖွဲ့ဝင် ဖြစ်လာမှာ ဖြစ်ပါတယ်။ အဓိကအခိုက်အခံ ဒီမိုကရက်တစ်ပါတီက အမတ်နေရာ (၁၉၆) နေရာရှိထားတဲ့…

KNU အုပ်ချုပ်နယ်မြေမှာ ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော် ဖြစ်ပွားခဲ့

ကော်သူးလေ၊ ဖေဖော်ဝါရီ(၁၀) KNU ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်တာကာလအတွင်း စစ်ကောင် စီတပ်ဖွဲ့ နဲ့ KNU လက်အောက်ခံတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း ၈၀၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဖေဖော်ဝါရီ (၉)ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်တပ်အာဏာသိမ်းယူလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်…

စစ်အာဏာသိမ်း (၇၃၉) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၉၈၁ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၀) AAPP ရဲ့ ဖေဖော်ဝါရီ(၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၃၉)ရက်အတွင်း ပြည်သူ (၂၉၈၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၇၁၀ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၁၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုမှာသာ မှတ်ပုံတင်ဖို့ နိုင်ငံရေးပါတီတချို့ဆုံးဖြတ်

ရန်ကုန် ၊ ဖေဖော်ဝါရီ (၁၀) စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကန့်သတ်ချက်တွေကြောင့် နိုင်ငံရေးပါတီတချို့ဟာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုမှာသာ မှတ်ပုံတင်ဖို့ ဆုံးဖြတ်လာကြပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ ပြဌာန်းချက်အရ ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့် ပါတီဆိုရင် မှတ်ပုံတင်တဲ့ရက်ကစပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်တစ်သိန်းနဲ့ ရန်ပုံငွေ သိန်းတစ်ထောင်အပါအဝင် ရက်ပေါင်း ၁၈၀…

အရပ်သားကား မှားယွင်းပစ်ခတ်မှုအတွက် ရေဖြူ PDF ဝန်ချတောင်းပန်

ရေဖြူ၊ ဖေဖော်ဝါရီ(၁၀) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ၂၇ မိုင်နဲ့နှမ်းကျဲကျေးရွာကြားမှာ ဘုန်းကြီးကျောင်းကား တစ်စီးကို မှားယွင်းပစ်ခတ်မှု အတွက် နစ်နာသူတွေအပေါ် ဝန်ချတောင်းပန်ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(YPPDF)က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ တောင်းပန်စာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီဖြစ်စဉ်မှာ ကလိန်အောင်အခြေစိုက်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်နဲ့ဟိုက်ဂျက်ကား ၂ စီးနဲ့လာတယ်လို့ သတင်းအရ ရေး-ထားဝယ်ကားလမ်းအပေါ်မှာ ရှေ့ထွက်မိုင်းဆင်ပြီး တိုက်ခိုက်စဉ်…

စစ်ကောင်စီရဲ့ နျူကလီးယားအစီအစဉ်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကိုပါ ခြိမ်းခြောက်လာနိုင်တယ်လို့ NUG သတိပေး

မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၀) စစ်ကောင်စီရဲ့ နျူကလီးယားအစီအစဉ်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကိုပါ ခြိမ်းခြောက်လာနိုင်တာကြောင့် အစမပျိုးခင်မှာပဲ အမြန်ဆုံးရပ်တန့်နိုင်အောင် ဝိုင်းဝန်ဖြေရှင်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရက သတိပေးလိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ ရုရှားနိုင်ငံရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးဖြစ်တဲ့ နျူကလီး ယား နည်းပညာသတင်းအချက်အလက်စင်တာကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ စင်တာဖွင့်လှစ်ပြီးနောက် စစ်ကောင်စီနဲ့…

KNU လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို ထိန်သိမ်းကြပ်မတ်ပေးဖို့ KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ်ထံ စစ်ကောင်စီစာပို့

မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၀) ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့ KNU ဥက္ကဋ္ဌ နဲ့ KNLA စစ်ဦးစီးချုပ်ထံ စစ်ကောင်စီ အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ KNU လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းကြပ်မတ်ပေးရေးဆိုတဲ့ အကြောင်းအရာနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီထံ စစ်ကောင်စီ အမျိုးသားညီညွတ်ရေးနဲ့…

မွန်ပြည်နယ်မှာ လူငယ်တချို့ကို စစ်ကောင်စီတပ်ဖွဲ့ထဲဝင်ဖို့ လိုက်လံစည်းရုံးတာတွေရှိနေ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၀) မွန်ပြည်နယ်မှာ လူငယ်တချို့ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ထဲဝင်ရောက်ဖို့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရဲသတင်းပေးတွေက လိုက်လံစည်းရုံးတာတွေ ရှိနေတယ်လို့ ဒေသခံလူငယ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လူငယ်တွေကို စည်းရုံးရာမှာလည်း ဒီအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ထဲ ဝင်ရောက်ပါက ရာထူးတိုး မြန် ဆန်ပြီး လစာကောင်းတွေလည်း ရရှိမှာဖြစ်တယ်လို့ဆိုပြီး လိုက်လံစည်းရုံးနေတာပါ။ အဲဒီလို လိုက်လံစည်းရုံးမှာ ရပ်ကွက်၊ ကျေးရွာတွေအတွင်းရှိ…

ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်နေတဲ့ က.ပ.စ-၁၄ လက်နက်ကြီးနဲ့ ပစ်ခံရ

ငဖဲ – ဖေဖော်ဝါရီ(၉) ဒေသခံပြည်သူတွေကို မတရားဖမ်းဆီးရိုက်နှက်တာတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီလက်အောက် ခံ က.ပ.စ -၁၄ ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PRA Magway စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့ မနက်အစောပိုင်းက ငဖဲမြို့နယ်အခြေစိုက် က.ပ.စ-၁၄ ယမ်းချက် စက်ရုံကို PRA Magway ရဲ့…