ရေးမြောက်ပိုင်းဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ
ရေး၊ ဖေဖော်ဝါရီ(၁၁) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့စပြီး စစ်ကောင်စီတပ်ဟာ ရေးမြောက်ပိုင်းဒေသဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ ဒေသပြည်သူ့ကာ ကွယ်ရေးအဖွဲ့တာ ဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရေးမြို့နယ် မြောက်ပိုင်းဘက်ကျေးရွာတွေဖြစ်တဲ့ ဘဲလမု၊ ရွာဟောင်းကျေးရွာ အပါအဝင် ကရင်တိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး…
