Thanlwintimes

စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်မှာ ငလျင်လှုပ်

နေပြည်တော် – ဖေဖော်ဝါရီ(၁၁) အာဏာသိမ်းစစ်ကောင်စီရုံးစိုက်ထားတဲ့ နေပြည်တော်မှာ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ(၁၁) ရက်မနက်(၁၁) နာရီဝန်းကျင်မှာ နေပြည်တော်မြေငလျင်စခန်းမှ အရှေ့ မြောက်ဘက် (၅) မိုင်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း(ဥတ္တရသီရိမြို့ရဲ့ အရှေ့မြောက်ဘက် (၂) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ်(၁၉.၈၄) ဒီဂရီ၊အရှေ့လောင်ဂျီတွဒ်(၉၆.၁၉) ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြုပြီး အင်တာရစ်(ခ်)တာစကေး(၃.၅)…

ပြုန်းတီးအင်အားများနေတဲ့ စစ်တပ် NUGနဲ့ EAOs တွေ ကလေးစစ်သားသုံးတယ်လို့ သတင်းအမှားဖြန့် (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းအပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “နိုင်ငံတကာမှ သတ်မှတ်ထားတဲ့ ကလေးသူငယ်များ စစ်မှုထမ်းခြင်းဥပဒေကို ချိုးဖောက်နေတဲ့ အကြမ်းဖက် NUG,EAOsအချို့နှင့် PDFများ” ဆိုတဲ့ ကလေးငယ်တွေရဲ့ဓာတ်ပုံပါ အကြောင်းအရာကို…

ဘန်ကောက်မြို့ပြ ဧရိယာအတွင်း CCTV မှတ်တမ်းတွေကို တရားဝင်တောင်းခံခွင့်ပြု

ဘန်ကောက်၊ ဖေဖော်ဝါရီ(၁၁) ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးဧရိယာ BMA ရဲ့ လုံခြုံရေးကင်မရာတွေက ဗီဒီယိုမှတ်တမ်းတွေကို အွန်လိုင်းစနစ် လမ်းကြောင်း၊ ဒါမှမဟုတ် CCTV စင်တာ (၁၃)ခုကနေတဆင့် တောင်းခံနိုင်ပြီဖြစ်တယ်လို့ BMA ရဲ့ ယာဉ်စည်း ကမ်းနဲ့ သယ်ယူပို့ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောကြားလိုက်ပါတယ်။ BMA ဟာ လူထုလုံခြုံရေးတိုးမြှင့်ဖို့နဲ့ ပြစ်မှုတွေအပါအဝင်၊ ယာဉ်စည်းကမ်းကိစ္စရပ်တွေကို အစီရင်ခံနိုင်ဖို့နဲ့ စုံစမ်းစစ်ဆေးမှုတွေကို ကူညီနိုင်ဖို့အတွက် မြို့တော်တဝှမ်းမှာ…

IMF ရဲ့ ပါကစ္စတန်အတွက် ကန်ဒေါ်လာ ၁.၁ ဘီလျံ တန်ဖိုးရှိ သဘောတူညီချက်အပြီးသတ်ဖို့ အချိန်လိုအပ်

ကရာချီ – ဖေဖော်ဝါရီ(၁၁) နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ပါကစ္စတန်နိုင်ငံအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၁.၁) ဘီလျံ ခွင့်ပြုမယ့် သဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းဖို့ အချိန်ပိုပေးဖို့ ဘဏ္ဍာရေး ဝန်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ရေကြီးမှုနဲ့ကြုံတွေ့ထားရတဲ့ ပါကစ္စတန်ဟာ နိုင်ငံခြားငွေကြေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ရန်ပုံငွေရယူဖို့ ကြိုးပမ်းမှုအဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းတည်းက ဆွေး…

ထိုင်းနိုင်ငံကို မြန်မာ့အရေးမှာပိုမိုပါဝင်လာဖို့ မလေးရှားဝန်ကြီးချုပ်တောင်းဆို

ဘန်ကောက် – ဖေဖော်ဝါရီ(၁၁) စစ်တပ်အာဏာသိမ်းမှုနဲ့အတူ မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးဖို့ မလေးရှားဝန်ကြီးချုပ်က တောင်းဆိုလိုက်ပါတယ်။ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ မလေးရှားဝန်ကြီးချုပ် စတင်တာဝန်ယူတဲ့ ၂၀၂၂ ခုနှစ် နောက်ပိုင်းတည်းက ထိုင်းနဲ့မလေးရှားကြား ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာ အခုလိုပြောခဲ့တာပါ။ ထိုင်းနိုင်ငံဟာ မြန်မာအပေါ့ စွဲချက်တင်တဲ့ ကိစ္စတွေကို အကာအကွယ်ပေးတာတွေရှိခဲ့သလို စစ်ကောင်စီနဲ့ ဆက်ဆံရေးကို…

ညောင်လေးပင်မှာ လက်နက်ကြီးထိမှန်တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ

ညောင်လေးပင်၊ ဖေဖော်ဝါရီ(၁၁) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟို က ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေအတွင်း ဖေဖော်ဝါရီ(၇)ရက်နေ့ ညပိုင်းက တပ်အင်အား(၅၀) နီးပါး ရှိတဲ့…

စစ်အာဏာသိမ်း (၇၄၀) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၉၈၆ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၁) AAPP ရဲ့ ဖေဖော်ဝါရီ(၁၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၄၀)ရက်အတွင်း ပြည်သူ (၂၉၈၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၇၂၅ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၁၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲပေးစနစ်အသုံးပြုဖို့ စစ်ကောင်စီပြင်ဆင်

နေပြည်တော် ၊ ဖေဖော်ဝါရီ (၁၁) စစ်ကောင်စီကျင်းပဖို့ ကြိုးပမ်းနေတဲ့ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ အီလက်ထရောနစ်နဲ့ မဲပေးတဲ့စနစ်အသုံးပြုဖို့ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ အီလက်ထရောနစ် မဲပေးစနစ် စမ်းသပ်ပြင်ဆင်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၉ ရက်မှာ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အဖွဲ့ဝင်တွေက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။…

KNU သထုံခရိုင်မှာ မြေမြှုပ်မိုင်းမိနင်းပြီး အရပ်သား ၁ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရ

သထုံ၊ ဖေဖော်ဝါရီ(၁၁) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်၊ ဘားအံမြို့နယ်မှာ BGF တပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းပြီး အရပ်သား ၁ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ…

စစ်အုပ်ချုပ်ရေးကြောင့် ကရင်ပြည်နယ်မှာ မလုံခြုံမှုနဲ့ လူမှုဘဝကျပ်တည်းမှု ပိုမိုကြုံတွေ့လာရ

ကြာအင်းဆိပ်ကြီး၊ ဖေဖော်ဝါရီ(၁၁) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီတပ်က စစ်ရေးတိုးချဲ့ပြင်ဆင်တာအပြင် အစစ်ဆေးကြမ်းနေတာကြောင့် ပြည်သူလူထုတွေဟာ မလုံခြုံမှုနဲ့ လူမှုဘဝကျပ်တည်းမှုတွေကို ပိုမိုကြုံတွေ့လာနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါ တယ်။ စစ်ကောင်စီဟာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တွေအပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း(၃၇)မြို့နယ်ကို စစ်အုပ်ချုပ်ရေး Martial Law ကျင့်သုံးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ…