Thanlwintimes

အရပ်သားတွေပါ လက်နက်ကိုင်ဆောင်ခွင့်မူ စစ်ကောင်စီထုတ်ပြန်၊ ပြည်သူအချင်းချင်း ပဋိပက္ခအသွင်ဖြစ်အောင် တမင်ဖန်တီးတာလို့ဝေဖန်

နေပြည်တော် ၊ ဖေဖော်ဝါရီ (၁၂) လုံခြုံရေးအတွက် သေနတ်ကိုင်ဆောင်ဖို့ အမှန်တကယ်လိုအပ်တဲ့ အရပ်သားတွေအပါအဝင် နိုင်ငံ့ဝန်ထမ်းတွေအတွက် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ဝန်ကြီးရုံးက ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အခန်း ၁၃ ခန်းနဲ့ ပုဒ်မ ၃၄ ခု ပါဝင်တဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို အရင်ပြည်ထဲရေးဝန်ကြီး ဌာနရဲ့ ၁၉၇၇ ခုနှစ် အမိန့်အမှတ် ၅၅…

ကျိုက်ထိုတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ KNU ပြော

ကျိုက်ထို၊ ဖေဖော်ဝါရီ(၁၂) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာနဲ့သစ်ဆိပ်ပင်ကျေးရွာအကြား ကိုကိုးခြံအနီး ဖြစ်ပွားခဲ့တဲ့ နှစ် ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက် ၉ နာရီလောက်မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်နဲ့…

တူရကီငလျင်ကြောင့် မြေလွှာအစိတ်စိတ်ကွဲအက်နေတာကို ဒရုန်း ဗီဒီယိုဖိုင်ဖော်ပြ

အန်ကာရာ၊ ဖေဖော်ဝါရီ(၁၂) တူရကီနိုင်ငံတောင်ပိုင်းမှာ ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လယ်ကွင်းတွေ၊ လမ်းတွေ၊ ချောင်းတွေ နဲ့ တောင်ကုန်းတလျှောက် အက်ကွဲကြောင်းတွေကို ဒရုန်းဗီဒီယိုဖိုင်မှာ ပြသခဲ့ပါတယ်။ တူရကီနိုင်ငံတောင်ပိုင်း ခါရာမန်မာရာပြည်နယ်ရှိ တီဗစ်ကီရီမြို့အနီးမှာ တနင်္လာနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင် ကြောင့် မြေအက်ကွဲကြောင်းတွေက တာတမံတွေကိုပါဖြတ်ပြီး မြေပြင်ကျယ်တလျောက် ပွင့်ထွက်သွားခဲ့တယ် လို့ ဆိုပါတယ်။ အက်ကွဲကြောင်းတွေဟာ အဝေးပြေးလမ်းကို တိုက်မိတဲ့အခါ ကတ္တရာလမ်းနဲ့…

ချစ်သူများနေ့မှာ ကြက်သွန်နီလက်ဆောင်ပေးဖို့ ထိုင်းဝန်ကြီးချုပ်တိုက်တွန်း

ဘန်ကောက်- ဖေဖော်ဝါရီ(၁၂) ဒီနှစ်ချစ်သူများနေ့မှာ နှင်းဆီအနီတွေမပေးဘဲ ချစ်သူကို ကြက်သွန်နီတွေပေးဖို့ ထိုင်းဝန်ကြီချုပ် ပရာယွတ်ချန်အိုချာက ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဆရီဆာခပ်ပြည်နယ်က ကြက်သွန်နီအသေးစားတွေ စိုက်ပျိုးတဲ့ တောင်သူတွေကို ပံ့ပိုးကူညီဖို့အတွက် လာမယ်ချစ်သူများနေ့မှာ ချစ်ခြင်းမေတ္တာ သင်္ကေတ လက်ဆောင်အနေနဲ့ ကြက်သွန်ပန်းစည်းတွေ ပေးကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့တာပါ။ ဆရီဆာခပ်ပြည်နယ်ကို အပတ်စဉ်အစိုးရအဖွဲ့ အစည်းအဝေးသွားရောက်ရင်း ကြက်သွန်စိုက် တောင်သူတွေဆီ သွားရောက်လေ့လာအပြီးမှာ…

တရုတ်လွှမ်းမိုးမှုတွေရှိနေတဲ့ ပစိဖိတ်ကျွန်းနိုင်ငံနဲ့ အမေရိကန်နားလည်မှုစာချွန်လွှာလက်မှတ်ထိုး

ဝါရှင်တန် – ဖေဖော်ဝါရီ(၁၂) အမေရိကန်ပြည်ထောင်စုက မိုက်ခရိုနီးရှားဖက်ဒရယ်ပြည်ထောင်စုနဲ့ နားလည်မှုစာချွန်လွှာ (MOU) ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၀) ရက်နေ့က လက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကြီးမားတဲ့ ပစိဖိတ်ဒေသကို ကာကွယ်ဖို့ ရည်ရွယ်ချက်တွေအတွက် အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခွင့်ပေးမယ့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အသစ်တွေနဲ့အတူ ပစိဖိတ်ကျွန်းနိုင်ငံသုံးနိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းနေတဲ့ အနာဂတ်အကူအညီပေး ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာပါ။…

ပါတီမှတ်ပုံတင်ဖို့ မွန်ညီညွတ်ရေးပါတီ ဆုံးဖြတ်

မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၂) တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီဟာ မွန်ပြည်နယ်အဆင့်မှာ ပါတီမှတ်ပုံ တင်ဖို့ ပါတီဗဟိုကော်မတီ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ စစ်ကောင်စီထုတ်ပြန်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ကန့်သတ်ချက်တွေကြောင့် မွန်ညီညွတ်ရေးပါတီအနေနဲ့ ပြန်လည်မှတ်ပုံတင်ဖို့ ဗဟိုကော်မတီအစည်းအဝေးကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ခေါ်ယူခဲ့တာပါ။ ဒီကနေ့ ခေါ်ယူတဲ့ ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်နယ်အဆင့်မှာ မှတ်ပုံတင်ဖို့ ဆုံးဖြတ် ခဲ့တာဖြစ်ပြီး…

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် လမိုင်းမြို့က ကိုရင်တစ်ပါးပျံလွန်တော်မူ

လမိုင်း – ဖေဖော်ဝါရီ(၁၁) မွန်ပြည်နယ်၊ လမိုင်းမြို့ မော့ကနင်ကျေးရွာအခြေစိုက် စစ်တပ်စီအမြောက်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ကျည်ဟာ စုံစည်မြိုင်ရွာ (ရိုးဖို့ဂေဟ်) ဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက် ပေါက်ကွဲခဲ့လို့ ကိုရင်တစ်ပါး ပျံလွန်တော်မှုပြီး ဦးဇင်းတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၀) ရက်နေ့ ညနေပိုင်းက ပစ်ခတ်ခဲ့တာဖြစ်ပြီး ကိုရင်ဟာ နေရာမှာပဲ ပျံလွန်တော်မူခဲ့ကာ ဦးဇင်းကိုတော့…

“စစ်ဘောင်ကျယ်လာရင် နိုင်ငံရေးဘောင်ကတော့ ထုံးစံအတိုင်းကျဉ်းသွားတာပေါ့။ အဲဒါက ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ တ နည်းအားဖြင့်ပြောရင် အာဏာသည်လက်နက်၊ သေနတ်ပြောင်းဝမှာ တည်တယ်ဆိုတဲ့ဟာမျိုးက ဘယ်လိုမှ ဒီမိုကရေစီနိုင်ငံနဲ့လည်း လုံးဝလက်ခံလို့မရတဲ့ အနေအထားပေါ့”

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်နဲ့ ဆက်သွယ်မေးမြန်းချက်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ဟာ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့ဝင် နိုင်ငံရေးပါတီတစ်ခုဖြစ်သလို စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) အနေနဲ့ မှတ်ပုံပြန် မတင်ရတဲ့ အခြေအ နေ၊ UNA အဖွဲ့ဝင် နိုင်ငံရေးပါတီတွေရဲ့ သဘောထားတာတွေ၊…