ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ ငြိမ်းချမ်ရေး ဆွေးနွေးရာမှာ ပင်လုံကတိကဝတ် အကောင်အထည်ဖော်ဆောင်ဖို့ ၊ ဗမာပြည်နယ် ဖွဲ့စည်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ အပါအဝင် အချက် ၄ ချက် တင်ပြဆွေးနွေးခဲ့တာပါ။ SSPP ပါတီဘက်က တင်ပြချက်တွေအပေါ် စစ်ကောင်စီဘက်က ဘယ်လို သဘောထားပေးလာပါသလဲ။ ဗမာပြည်နယ် ဖွဲ့စည်းဖို့ တင်ပြမှုကိုရော လက်ခံပါသလား၊ ဒီတွေ့ဆုံ ဆွေးနွေးပွဲတစ်ခုကို ဘယ်လို မြင်ပါသလဲ။ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုနဲ့ ဆက်သွယ်မေးမြန်းချက်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က စစ်ကောင်စီနဲ့ တွေ့ဆုံစဉ် ပင်လုံကတိကဝတ် အကောင်အထည် ဖော်ဖို့ အပါအဝင် အချက် ၄ ချက် တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ စစ်ကောင်စီဘက်က ဘယ်လို ပြန်ဆွေးနွေးတာ ရှိလဲ။ သူတို့ ဆွေးနွေးတာက ဖွဲ့စည်းပုံ အစားထိုးတဲ့ ပုံစံတော့မရဘူး၊ အခန်းရွေ့တာမျိုးလည်း မရဘူးပေါ့။ အခန်းလိုက် ဇယားလိုက်နဲ့ပဲ အဲ့လိုမျိုး ဆွေးနွေးသွားရင်တော့ ရတယ်…
