အားလပ်ရက်တွေမှာ အိမ်စာမပေးရေး ဥပဒေတစ်ရပ်ပြဌာန်းဖို့ ဖိလစ်ပိုင်လွှတ်တော်အမတ် အဆိုပြု

0
3349

မနီလာ၊ မေ(၂၅)
ကျောင်းဖွင့်ရက်တွေမှာ အချိန်ပေါင်း၁၀နာရီကျော် လေ့လာသင်ယူပြီးတဲ့ ကျောင်းသူ/ ကျောင်းသားတွေကို ပိတ်ရက်တွေမှာ အိမ်စာလုပ်ရမယ့်အစား အနားယူပြီး ပြန်လည် အားဖြည့်နိုင်ဖို့ ဖိလစ်ပိုင်နိုင်ငံရှိ နိုင်ငံရေး သမားတစ်ဦးက လိုလားနေပါတယ်။


သူ့ရဲ့လိုလားချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဖိလစ်ပိုင်အောက်လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်တဲ့ မစ္စဆမ်ဗာဆိုဇာက “No Homework Law” အမည်ရ အိမ်စာမပေးရေးဥပဒေကို အဆိုပြုထားတာပါ။


အဲဒီအထဲမှာ မူလတန်းနဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကို အိမ်စာပေး တဲ့ဆရာ/ဆရာမတွေကို တားဆီနိုင်ဖို့အတွက် ဦးတည်ထားတာလည်း ဖြစ်ပါတယ်။ ၂၀၁၀ခုနှစ် ဖိလစ်ပိုင်ပညာရေးဦးစီးဌာနက ဖြန့်ဝေတဲ့ စာချွန်လွှာတစ်ခုမှာတော့ ကျောင်းဖွင့်ရက်တွေမှာ မူလ တန်းကျောင်းသူ/သားများကို သင့်တင့်တဲ့အိမ်စာလေ့ကျင့်ခန်းကို ပေးအပ်ဖို့နဲ့ ကျောင်းပိတ်ရက်တွေမှာတော့ အိမ်စာလေ့ကျင့်ခန်းမပေးဖို့ အကြံပြုထားတာပါ။


အောက်လွှတ်တော်အမတ် မစ္စတာဗာဆိုဇာရဲ့မူကြမ်းဟာ အဲဒီစာချွန်လွှာပါအချက်ကို ဖိလစ်ပိုင်နိုင်ငံတဝှမ်းရှိ မူလတန်းနဲ့ အထက်တန်းကျောင်းတွေအတွင်း စနစ်တကျကျင့်သုံးဖို့ ရည်ရွယ်တဲ့ ဥပဒေလည်း ဖြစ်ပါတယ်။


ဒါ့အပြင်ဖိလစ်ပိုင်နိုင်ငံရဲ့ လွှတ်တော်အမတ်တွေဟာ၂၀၁၆ မှ ၂၀၁၉ ခုနှစ် ၁၇ ကြိမ်မြောက် ညီလာခံမှာ ကျောင်းပိတ်ရက်တွေအတွင်း အိမ်စာလေ့ကျင့်ခန်းမပေးရေးကို စနစ်တကျကျင့်သုံးဖို့ ကြိုးပမ်းခဲ့ကြဖူးတာပါ။ဒါပေမယ့်လည်း အဲဒီဆောင်ရွက်ချက်တွေဟာ အောက်လွှတ်တော်ရဲ့ အခြေခံပညာရေးနဲ့ ယဉ်ကျေးမှု ကော်မတီထံ မရောက်မီမှာပင်ဆိုင်းငံ့နေခဲ့တာလည်း ဖြစ်ပါတယ်။ ကျောင်းသူ/သားများတွေဟာ သူတို့ရဲ့ အိမ်စာလေ့ကျင့်ခန်းကို ပြီးမြောက်ဖို့ အချိန်ပိုအလုပ်ဆင်းနေရသလို ဖြစ်နေတယ်လို့ မစ္စတာဗာဆိုဇာက ပြောကြားခဲ့တာပါ။


တချို့သော ဖြစ်စဉ်တွေမှာတော့ ကလေးမိဘတွေကိုယ်တိုင်ကပင် သူတို့သားသမီးတွေရဲ့ အိမ်စာလေ့ကျင့် ခန်းတွေကို ပြီးမြောက်အောင်ကူညီပေးရတဲ့ အထိဖြစ်နေတယ်လို့လည်း သူကဆိုပါတယ်။


ဒါ့အပြင် အောက်လွှတ်တော်အမတ် မစ္စတာဗာဆိုဇာက “ဖိလစ်ပိုင်လူငယ်တွေဟာ အလုပ်ဝန်ပိနေကြပေမယ့် အခုချိန်ထိ ဖိလစ်ပိုင်နိုင်ငံဟာ သူများအနောက် လိုက်နေရတုန်းပဲ” လို့လည်း ပြောကြားခဲ့ပါသေးတယ်။


ကမ္ဘာလုံးဆိုင်ပျှမ်းမျှ IQ သတ်မှတ်ချက် ၁၀၀ မှာတော့ ဖိလစ်ပိုင်ဟာ ပျမ်းမျှ ၈၁.၆၄ ရာခိုင်နှုန်းအထိရှိနေတာပါ။ ဒါ့အပြင် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ အနက် ၁၁၁ ဆင့်မှာ ရှိနေတယ်လို့ အစီရင်ခံစာတွေအရ သိရပါတယ်။
Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.