မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံရဲ့ နိုင်ငံသားတွေ အမေရိကန်သို့ ဝင်ရောက်ခွင့် ထရန့် တားမြစ်

ဝါရှင်တန်၊ ဇွန် ၅ အန္တရာယ်ရှိတဲ့ နိုင်ငံခြားသားတွေ ရန်ကနေ အမေရိကန်နိုင်ငံသားတွေကို ကာကွယ်ရေး နိုင်ငံတချို့အပေါ် ခရီးသွားလာမှုတွေကို တားမြစ်တဲ့ ကြေညာချက်ကို အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က လက်မှတ်ရေးထိုးလိုက်ကြောင်း အိမ်ဖြူတော်က ဇွန် ၄ ရက်က ပြောကြားလိုက်ပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ အာဖဂ္ဂန်နစ္စတန်၊ မြန်မာ၊ ချက်၊ ကွန်ဂို၊ အီကွေတိုရီရယ် ဂီနီယာ၊ အီးရီထရီးယား၊…

ယူကရိန်းရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုအတွက် ပူတင် လက်စားချေလိမ့်မယ်လို့ ထရန့် သတိပေး

ဝါရှင်တန်၊ ဇွန် ၅ လေတပ်အခြေစိုက်စခန်းတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ ကြီးကြီးမားမား တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်ရမယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သတိပေးထားပါတယ်။ ရုရှားသမ္မတနဲ့ ဖုန်းနဲ့ စကားပြောပြီးနောက် ပြောကြားရာမှာ ထရန့်က သမ္မတ ပူတင် အဲဒီလို အမှန်တကယ် ပြောခဲ့ကြောင်းနဲ့ လေတပ် အခြစိုက်စခန်းတွေ…

ရေဖြူတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး

ရေဖြူ၊ ဇွန် ၅ တနင်္သာရီတိုင်း ရေဖြူမြို့နယ် မင်းသားကျေးရွာအုပ်စု ဆင်စွယ်ကျေးရွာမှာ စစ်ကောင်စီတပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ သွားနေစဉ် နယ်မြေရှင်းလင်းရေး ထွက်လာတဲ့ စစ်ကောင်စီတပ်အင်အား ၃၀ နီးပါးနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး…

သေဘောဘိုးစခန်း ပြန်လည်သိမ်းပိုက်မှု KNU အတည်ပြု

မြဝတီ၊ ဇွန် ၅ ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေဒေသအတွင်းရှိ စစ်ကောင်စီရဲ့ သေဘောဘိုးစစ်စခန်းကို ပြန် လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက အတည်ပြုထုတ်ပြန်ပါတယ်။ သေဘောဘိုးတပ်စခန်းကို ဇွန် ၃ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှာ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။…

စစ်အာဏာသိမ်း (၁၅၈၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၇၇၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၅ AAPP ရဲ့ ဇွန်၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၈၅) ရက်အတွင်း ပြည်သူ (၆၇၇၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၂၂၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၃၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ရွေးကောက်ပွဲမတိုင်ခင် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်

မော်လမြိုင် ၊ ဇွန် ၅ နယ်မြေများစွာလက်လွှတ်ထားရတဲ့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲမတိုင်ခင် လုံခြုံရေးအတွက် စစ်ရေးအရှိန် မြှင့်လာနိုင်သလို တော်လှန်ရေးအင်အားစုတွေကလည်း ထိုးစစ်ဆင်မှာဖြစ်လို့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားပေမယ့် မြို့ပေါင်း ၉၀ ကျော်ကို လက်လွှတ်ထားရသလို စစ်ရေးပဋိပက္ခဖြစ်စဉ် မဖြစ်ပွားတဲ့ မြို့နယ်ဟာ သုံးပုံတစ်ပုံလောက်သာ ကျန်ရှိတော့တာပါ။ စစ်ခေါင်းဆောင်…

မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်ဖမ်းမိပါက လူကိုပါထောင်ချနေ

မော်လမြိုင် ၊ ဇွန် ၅ မွန်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့တွေက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းတဲ့အပြင် လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကိုပါ ထောင်ဒဏ်ချမှတ်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ လိုင်စင်မဲ့ယာဉ်တွေကိုဖမ်းဆီးရမိပါက လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကို သိမ်း ဆည်းပြီးနောက် လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကိုပါ တစ်ခါတည်း ဖမ်းဆီးကာ ပို့ကုန်၊ သွင်းကုန် ဥပဒေတွေနဲ့…

ပုလောမှာ နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေ

ပုလော၊ ဇွန် ၅ တနင်္သာရီတိုင်း ပုလောမြို့နယ် တပိုကျေးရွာမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြန်ဖြစ်နေပြီး နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန် ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က စက်တော်ရာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အင်အား ၃၀ ကျော်နဲ့ တပိုကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ…

သထုံမှာ ဒေသခံတစ်ဦးကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်

သထုံ၊ ဇွန် ၅ မွန်ပြည်နယ် သထုံမြို့နယ် ပိန္နဲတောကျေးရွာနေ ဒေသခံအမျိုးသား တစ်ဦးကို စစ်ကောင်စီစစ် ကြောင်းက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့က သထုံမြို့နယ် ပုရစ်ခိုကျေးရွာနဲ့အင်းရွာကြားတောထဲမှာ စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားတဲ့ ပိန္နဲတောရွာသား အသက် ၅၂ နှစ်အရွယ်…

မြန်မာ့အရေး ကြားဝင် ဖြေရှင်းပေးဖို့ ဗြိတိန်ဝန်ကြီးချုပ်ကို တိုက်တွန်း

လန်ဒန်၊ ဇွန် ၄ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စကားလုံးတွေနဲ့ ဖော်ပြလို့ မရနိုင်တဲ့ ဝမ်းနည်းစရာ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ ကြားဝင်ဖြေရှင်းပေးဖို့၊ စစ်ကောင်စီ ဖမ်းဆီးထောင်ချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနဲ့တွေ့ဆုံဖို့ ဗြိတိန်ဝန်ကြီးချုပ် ဆာကီယာ စတာမာကို တိုက်တွန်းမှုတွေ ရှိနေပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်က စစ်တပ် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး အကျဉ်းသား…