ဘီးလင်း လမ်းပိုင်းတွေမှာ မြေမြှုပ်မိုင်းတွေ တွေ့ရှိနေတာကြောင့် ဒေသခံတွေ ကြောက်လန့်နေရ
ဘီးလင်း၊ ဇန်နဝါရီ ၂၁ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရဲ့ ပြည်ထောင်စုလမ်းပိုင်းတွေအပါအဝင် အများပြည်သူ အသုံးပြုနေတဲ့ လမ်းပိုင်းတွေမှာ မြေမြှုပ်မိုင်းတွေ မကြာခဏ တွေ့ရှိနေတာကြောင့် စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘီးလင်းမြို့နယ်ရဲ့ ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ ရန်ကုန် – မော်လမြိုင်လမ်းပိုင်း၊ ကျေးရွာချင်းလမ်းပိုင်းတွေဖြစ်တဲ့ ဘီးလင်း-တောင်စွန်းလမ်းပိုင်းနဲ့ဘီးလင်း-နတ်ကြီးလမ်းပိုင်းတွေမှာ အခုနှစ်ဆန်းပိုင်းကစလို့ မြေမြှုပ်မိုင်းတွေကို ဒေသခံတွေက မကြာခဏဆိုသလို တွေ့ရှိနေတာပါ။ အများပြည်သူ သွားလာအသုံးပြုနေတဲ့လမ်းပိုင်းတွေမှာ…
