2026

ကော့ကရိတ်အခြေစိုက်တပ်က တပ်သားနှစ်ဦး KNU ထံ ဘက်ပြောင်းခိုလှုံ

ကော့ကရိတ်၊ ဇန်နဝါရီ ၁၅ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အခြေစိုက် အမှတ် ၅၄၈ ခြေမြန်တပ်ရင်းက တပ်သား နှစ်ဦး လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရတဲ့ အဲဒီတပ်သားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ လက်နက်ခဲယမ်းနဲ့အတူ ဘားအံခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ ထံ…

ထိုင်းနိုင်ငံ ရာမ-၂ လမ်းမပေါ်မှာ ယာဉ်နှစ်စီးပေါ်သို့ ကရိန်းပြိုလဲကျပြီး လူနှစ်ဦး သေဆုံး

ဘန်ကောက်၊ ဇန်နဝါရီ ၁၅ ဇန်နဝါရီ ၁၅ ရက် မနက်က ဘန်ကောက်မြို့အနီး ဆာမွတ်ဆာခွန် ပြည်နယ် ရာမ ၂ လမ်းမပေါ်မှာ သွားလာနေတဲ့ ယာဉ်နှစ်စီးအပေါ် ကရိန်းပြိုလဲကျပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ သာချင်းဒေသ ပါရီ ဂါးဒင်း ဟိုတယ် အပြင်ဖက်မှာ မနက် ၉ နာရီ ၂၅ မိနစ်က…

အီရန်က လေကြောင်းခရီးစဉ် အများစုအတွက် လေပိုက်နက်ကို ယာယီပိတ်သိမ်း

ဝါရှင်တန်၊ ဇန်ဝါရီ ၁၅ အီရန်နိုင်ငံသို့ တရားဝင် ခွင့်ပြုထားတဲ့ နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေကလွဲပြီး တခြား လေကြောင်း ခရီးစဉ်အားလုံးကို ဇန်နဝါရီ ၁၄ ရက်မှာ ယာယီ ပိတ်ထားခဲ့ကြောင်း အမေရိကန် ဖက်ဒရယ် လေကြောင်း ပျံသန်းမှု စီမံခန့်ခွဲရေး ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ အဲဒီ တားမြစ် ပိတ်ပင်မှုဟာ နှစ်နာရီကျော်လောက် ကြာမြင့်ခဲ့ပေမယ့် နောက်ထပ်…

စစ်အာဏာသိမ်း (၁၈၀၉)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၈၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၅ AAPP ရဲ့ ဇန်နဝါရီ၁၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၀၉) ရက်အတွင်း ပြည်သူ (၇၆၈၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၂၇၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၅၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ပဋိပက္ခလျော့ချရေး လူငယ်တွေနဲ့ ငြိမ်းချမ်းရေးလမ်းစဖော်ဖို့ စစ်တပ်ကြိုးပမ်း

နေပြည်တော် ၊ ဇန်နဝါရီ ၁၅ မြန်မာနိုင်ငံရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုမှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ ပါဝင်နေတဲ့ အာဏာ သိမ်းစစ်တပ်က လက်နက်ကိုင်ပဋိပက္ခတွေ လျော့ချရေးအတွက် ပြည်တွင်းက လူငယ်တွေနဲ့ ငြိမ်း ချမ်းရေးလမ်းစဖော်ဖို့ ကြိုးပမ်းလာနေပါတယ်။ အာဏာသိမ်းမှုအအတွင်း ဖွဲ့စည်းခဲ့တဲ့ စစ်တပ်ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း‌ရေးကော်မတီ NSPNC က ဦးဆောင်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ဇန်နဝါရီ ၁၃ ရက်နေ့က…

စစ်မှုထမ်းဆောင်မှုအပေါ် ပြည်သူတွေ ပူးပေါင်းပေးဖို့ စစ်ကော်မရှင်ခန့် မွန်ဝန်ကြီးချုပ်ပြော

မော်လမြိုင် ၊ ဇန်နဝါရီ ၁၅ နိုင်ငံတော် အဓွန့်ရှည် တည်တံ့ရေးအတွက် စစ်မှုထမ်းဆောင်မှုအပေါ် ပြည်သူတစ်ရပ်လုံး စိတ်ရောကိုယ်ပါ ပူးပေါင်းပါဝင် လာအောင် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီး ချုပ် ဦးအောင်ကြည်သိန်းက ပြောပါတယ်။ ဇန်နဝါရီ ၁၃ ရက်နေ့က မော်လမြိုင်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ နယ်မြေခံသင်တန်းကျောင်းမှာ ပြု လုပ်တဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၁…

ထားဝယ်မြို့ပေါ်မှာ စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေ ဆက်တိုက်ဖမ်းဆီးခံနေရ

ထားဝယ်၊ ဇန်နဝါရီ ၁၅ တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ် ရပ်ကွက်တွေနဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ကော်မရှင်တပ်က စစ်မှု ထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထားဝယ်မြို့နဲ့ လောင်းလုံးမြို့ကို ဆက်သွယ်ထားတဲ့ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်နဲ့ ထား ဝယ်မြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေ အဓမ္မဖမ်းဆီးနေတာပါ။ စစ်ကော်မရှင်တပ်ဟာ…

ထိုင်းမှာ ရထားပေါ် ကရိန်း ပြုတ်ကျမှုကြောင့် လူ ၂၈ ဦး သေဆုံး

ဘန်ကောက် ဇန်နဝါရီ ၁၄ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်ရက်ချက်စီမားပြည်နယ်မှာ ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းလောက်က အမြန်ရထားလမ်း ဆောက်လုပ်ရေးလုပ်နေတဲ့ နေရာတစ်ခုမှာ ကရိန်းကြီး တစ်ခု ပြိုကျပြီး ခုတ်မောင်းလာနေတဲ့ ခရီးသည်တင်ရထားပေါ်ကို ပြုတ်ကျခဲ့ပါတယ်။ အဲဒီလို ပြုတ်ကျမှုကြောင့် ရထားလမ်းချော်ပြီး လူ ၂၈ ဦး သေဆုံးကာ ၆၄ ဦးကို ဆေးရုံတင်ထားရတယ်လို့ အာဏာပိုင်တွေက…

Ford ကားစက်ရုံ အလုပ်သမားကို သမ္မတထရန့် လက်ခလယ် ထောင်ပြ

နယူးယောက် ဇန်နဝါရီ ၁၄ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ဟာ ဇန်နဝါရီ ၁၃ ရက်က မီချီဂန်ပြည်နယ် ဒီယာဘွန်းမြို့မှာရှိတဲ့ Ford ကားစက်ရုံကို သွားရောက်လည်ပတ်စဉ် စက်ရုံအလုပ်သမားတစ်ဦးနဲ့မလိုလားအပ်တဲ့ အခြေအနေတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီကားစက်ရုံက အလုပ်သမားတစ်ယောက်ဟာ ဂျက်ဖရီ အက်စတိန်း အမှုကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး သမ္မတထရန့်ကို အော်ဟစ်စကားပြောခဲ့တာပါ။ အွန်လိုင်းပေါ်က ဗီဒီယိုတွေထဲမှာ အဲဒီ…

ရေးမှာ ဒေသခံ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

ရေး၊ ဇန်နဝါရီ ၁၄ မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာမှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၇ နာရီအချိန်ခန်လောက်မှာ ရွာခံဖြစ်တဲ့ အသက် ၅၀ အရွယ်ရှိ ဦးကျိုက်ဟာ နေအိမ်ကနေ ကျေးရွာအပြင်တောစပ်မှာ ဝါးခုတ်ဖို့အသွား ရွာပြင်အရောက်မှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့်…