2026

မော်လမြိုင်မြို့မှာ စစ်မှုထမ်းအတွက် အမျိုးသမီးစာရင်းတွေ လိုက်လံကောက်ယူနေ

မော်လမြိုင် ၊ ဇန်နဝါရီ ၁၈ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေဟာ ပြည်သူ့ စစ်မှုထမ်းအတွက် အမျိုးသမီး စာရင်းတွေ လိုက်လံ ကောက်ယူနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်တွေဟာ စစ်မှုထမ်းအတွက် အမျိုးသ မီးတွေရဲ့ ကိုယ်ရေး အချက်အလက်တွေ၊ အိမ်ထောင်…

KNU မြို့နယ် လေးမြို့နယ်မှာ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြ

ကျုံဒိုး၊ ဇန်နဝါရီ ၁၈ ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင်က မြို့နယ် ၄ မြို့နယ်ရှိ ဒေသခံပြည်သူလူထုထောင်ချီဟာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်က ပြည်သူလူထုတွေဟာ အာဏာသိမ်းစစ်ကော် မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို တစ်ခရိုင်လုံးအတိုင်းအတာနဲ့ (Zero…

ရေဖြူတိုက်ပွဲမှာ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းမှူး ကျဆုံး

ရေဖြူ၊ ဇန်နဝါရီ ၁၇ တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းမှူး ကျဆုံးခဲ့တယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းမှူး နဂါးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က စစ်ကော်မရှင်တပ်နဲ့ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ ကျဆုံးခဲ့တဲ့…

ရွေးကောက်ပွဲကျင်းပဖို့ရှိနေတဲ့ လောင်းလုံးမြို့နယ်မှာ စစ်တပ်လုံခြုံရေးတင်းကြပ်

လောင်းလုံး၊ ဇန်နဝါရီလ ၁၇ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ပါဝင်တဲ့ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကော်မရှင်တပ်က အင်အားဖြည့်တင်းကာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပမယ့် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း ၃ မှာ တနင်္သာရီတိုင်းက သရက်ချောင်း၊ ပုလောနဲ့ လောင်းလုံးမြို့နယ်တွေမှာ…

နှစ်ပတ်အတွင်း စစ်ကော်မရှင်တပ်ကြောင့် အရပ်သား ၃၄ ဦး သေဆုံး

မော်လမြိုင်၊ ဇန်နဝါရီ ၁၇ နိုင်ငံတဝန်းမှာ ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း စစ်ကော်မရှင်တပ်ကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၃၄ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကော်မရှင်လက်ချက်ကြောင့် အမျိုးသမီး ၁၇ ဦးနဲ့ အမျိုးသား ၁၇ ဦး…

တရုတ် လျှပ်စစ်ကား ဈေးကွက်ထဲ ဝင်ခွင့်ပြုမှုအတွက် ကနေဒါ နောင်တရလိမ့်မယ်လို့ အမေရိကန် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၁၇ တရုတ် လျှပ်စစ်ကား ၄၉၀၀၀ အထိ ဈေးကွက်ထဲဝင်ရောက်ဖို့ ခွင့်ပြုခဲ့တာကြောင့် ကနေဒါအနေနဲ့ နောင်တရလိမ့်မယ်လို့ အမေရိကန်အစိုးရ အရာရှိတွေက ပြောပါတယ်။ တရုတ် လျှပ်စစ်ကားတွေကို အမေရိကန်သို့ ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း သမ္မတ ထရန့်ရဲ့ အစိုးရ အရာရှိတွေက ပြောပါတယ်။ ကနေဒါအစိုးရအနေနဲ့ အခု ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားလိမ့်မယ်လို့ မိမိအနေနဲ့ မျှော်လင့်မိပြီး…

ကမ္ဘာကြီး အန္တရာယ်ပိုများလာနေတယ်လို့ ရုရှားသမ္မတ ပူတင် ပြော

မော်စကို၊ ဇန်နဝါရီ ၁၇ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံတကာ အခြေအနေ ယိုယွင်း ပျက်စီးလာနေပြီး ကမ္ဘာကြီးဟာ အန္တရာယ်ပိုများလာနေတယ်လို့ ဇန်နဝါရီ ၁၅ ရက်မှာ ပြောထားပါတယ်။ ဒါပေမဲ့ ဗင်နီဇွဲလား၊ အီရန်တို့မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့တော့ သူက နှုတ်ဆိတ်နေကြောင်း ရိုက်တာသတင်းက ဖော်ပြထားပါတယ်။ ပူတင်က ဗင်နီဇွဲလားသမ္မတ နီကိုလာ့စ် မာဒူရိုကို အမေရိကန်…

စစ်အာဏာသိမ်း (၁၈၁၁)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၉၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၇ AAPP ရဲ့ ဇန်နဝါရီ၁၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၁၁) ရက်အတွင်း ပြည်သူ (၇၆၉၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၂၉၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၅၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စစ်တပ်အတွက် ငြိမ်းချမ်းရေးနဲ့ နိုင်ငံတည်ဆောက်ရေးမှာ လူငယ်တွေ အသုံးချခံနေပြီလား

နေပြည်တော် ၊ ဇန်နဝါရီ ၁၇ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအပေါ် နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ မီဒီယာရပ်တည်ချက်တွေကို ပြည်တွင်းလူငယ်တွေရဲ့ အမြင်နဲ့ ပုံရိပ်ပြောင်းလဲရေးဆောင်ရွက်ဖို့ အချက်ကို ထည့်သွင်းထားတဲ့ လူငယ်ကြေညာစာတမ်းကို ဒီဇင်ဘာ ၁၆ ရက်နေ့ထုတ် နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာမှာ ဖော်ပြပါတယ်။ ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမယ့် အနာဂတ်ကာလ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ နိုင်ငံတည် ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ လူငယ်တွေအတွက် အခွင့်အလမ်းတွေ စုပေါင်းဖန်းတီးကြဖို့…

မွန်ပြည်နယ်မှာ ခရီးသွားလုပ်ငန်း တိုးတက်အောင်လုပ်ဖို့ စစ်ကော်မရှင်ညွှန်ကြား

မော်လမြိုင်၊ ဇန်နဝါရီ ၁၇ မွန်ပြည်နယ်မှာ ခရီးသွားတွေ အရင်ထက် ပိုမိုဝင်ရောက် လည်ပတ်နိုင်ရေးနဲ့ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ညွှန်ကြားလာပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ မွန်ပြည် နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးမှာ သူရဲ့ လက်အောက်ခံ ဌာနဆိုင်ရာတွေအပြင် ခရီးသွားလုပ်ငန်းရှင်တွေကိုပါ…