သထုံ၊ နိုဝင်ဘာ ၆
မွန်ပြည်နယ် သထုံမြို့နယ် ကတိုက်ကလေးကျေးရွာမှာ ကြိုးထိမှန်မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ကတိုက်ကလေးကျေးရွာနေ ကလေးငယ် သုံးဦးဟာ နေအိမ်အနီး လယ်ကွင်းအစပ်ရှိ ကောက်ရိုးပုံအနီးမှာ ဆော့ကစားနေစဉ် မိုးကြိုးထိမှန်ခဲ့တာပါ။
မိုးကြိုထိမှန်မှုကြောင့် အသက် ၄ နှစ်အရွယ် မောင်ညီသုတအောင်ဟာ ပြင်ပဒဏ်ရာမရှိဘဲ ခန္ဓာကိုယ်ပြာနှမ်းပြီး နေရာမှာတင် သေဆုံးသွားပါတယ်။
ဒါ့အပြင် အသက် ၁၂ နှစ်အရွယ် မောင်ထက်မြက်အောင်၊ အသက် ၈ နှစ်အရွယ် မရှင်းလင်းထက်တို့ဟာ မိုးကြိုးစက်ကွင်းမိပြီး ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ပါတယ်။
မိုးကြိုးစက်ကွင်းထိမှန်ခဲ့တဲ့ မောင်ထက်မြတ်အောင်ဟာ ဒဏ်ရာပြင်းထန်တာကြောင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံကနေ သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ကုသမှု ခံယူနေရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း သထုံမြို့နယ် ဆင်ဖြူကျွန်းကျေးရွာနေ ဦးကျော်သူနဲ့ သမီးဖြစ်သူ မထက်ထက်သူတို့ နှစ်ဦး နေအိမ်မှာ ရှိနေချိန် မိုးကြိုးစက်ကွင်းထိလို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်

