၂၀၂၈ မှာ အာကာသထဲ မြန်မာယာဉ်မှူး စေလွှတ်မယ်လို့ စစ်အစိုးရ ပြော
နေပြည်တော်၊ သြဂုတ် ၂၄ ၂၀၂၈ ခုနှစ်မှာ မြန်မာနိုင်ငံက အာကာသယာဉ်မှူးကို အာကာသယာဉ်နဲ့စေလွှတ်သွားမယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာ ခိုင်ခိုင်စိုးက ရုရှားခရီးအပြီး သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ရုရှားသမ္မတ မစ္စတာ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ ဒုတိယအကြိမ် တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။…
