August 10, 2026

မြန်မာ သင်္ဘောသားတွေ လိုက်ပါလာတဲ့ သင်္ဘောပေါ်က တန်နဲ့ချီတဲ့ ကက်တမင်း မူးယစ်ဆေးတွေကို အင်ဒိုနီးရှား ဖမ်းဆီး

ဂျာကာတာ ဩဂုတ် ၁၀ အင်ဒိုနီးရှားနိုင်ငံမှာ ဒေါ်လာသန်းနဲ့ချီတန်ဖိုးရှိတဲ့ ကတ်တမင်း မူးယစ်ဆေး ၁ ဒသမ ၃ တန်လောက်ကို မြန်မာနိုင်ငံသား သင်္ဘောသား ၇ ဦး လိုက်ပါလာတဲ့ နိုင်ငံခြားအလံတင် သင်္ဘောတစ်စင်းပေါ်ကနေ အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ မူးယစ်ဆေးဝါးဖမ်းဆီးမှုတွေထဲမှာ အကြီးစားဖမ်းဆီးမှုတစ်ခု ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အင်ဒိုနီးရှား အမျိုးသားမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ အကြီးအကဲရဲ့ပြောကြားချက်အရ…

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး အာဆီယံ တောင်းဆိုချက် မြန်မာစစ်အစိုးရ ပယ်ချ

ဘန်ကောက်၊ သြဂုတ် ၁၀ ဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး အာဆီယံရဲ့ ထပ်မံ တောင်းဆိုမှုကို စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ မြန်မာ စစ်အစိုးရက ပယ်ချလိုက်ပြီး အာဆီယံအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်ထားစရာ မလိုအပ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရဆီက ၂၀၂၁ ခုနှစ်…

အောင်သပြေတိုက်ပွဲမှာ ရာမညမွန်တပ်တော်က ရဲဘော် နှစ်ဦး ကျဆုံး

ရေး၊ သြဂုတ် ၁၀ မွန်ပြည်နယ် ရေးမြို့နယ် အောင်သပြေကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို့ ရာမညမွန်တပ်တော် RMA က အသိပေးထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က မော့ကနင်အခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား အောင်သပြေကျေးရွာအနီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း…

ထရန့်ရဲ့ ဂါဇာ အစီအစဉ်ကို လက်မခံနိုင်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ် တုံ့ပြန်

ဂျေရုဆလင်၊ သြဂုတ် ၁၀ အမေရိကန် ဦးဆောင်တဲ့ ဂါဇာ အစီအစဉ်ကို ဟားမာ့စ်အဖွဲ့က လက်ခံထားပေမယ့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သြဂုတ် ၉ ရက်မှာ ပယ်ချလိုက်ပါတယ်။ အဲဒီ ဂါဇာအစီအစဉ်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ သီတင်း တစ်ပတ်ကျော်ကြာ မြင့်တက်ခဲ့ပြီးနောက် အစ္စရေးအနေနဲ့ ဂါဇာကနေ ချက်ချင်း စတင်ထွက်ခွာဖို့ လိုမှာ မဟုတ်ဘူးဆိုတဲ့ အာမခံချက်…

ရေး – ရေဖြူလမ်းပိုင်းမှာ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေ

ရေုဖြူ၊ ဩဂုတ် ၁၀ မွန်ပြည်နယ်နဲ့ တနင်္သာရီအစပ်ဖြစ်တဲ့ ရေး – ရေဖြူလမ်းပိုင်းမှာ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က ရေးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် သြဂုတ်…

ကနေဒါမှာ တောမီး ထိန်းချုပ်မရဖြစ်နေလို့ အဆိုးရွားဆုံး အခြေအနေအတွက် ပြင်ဆင်ထားကြဖို့ ဒေသခံတွေကို တိုက်တွန်းထား

အိုတာဝါ၊ သြဂုတ် ၁၀ ကနေဒါ အနောက်ပိုင်းမှာ အလျင်အမြန် ပျံ့နှံ့လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် လူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ပြီးနောက် အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။ သြဂုတ် ၇ ရက်နေ့က တောမီး လောင်ကျွမ်းမှုတွေကို ပထမဆုံး တွေ့ရှိပြီး နောက်ပိုင်း မီးလောင်ကျွမ်းမှု နှစ်ဆ တိုးလာကြောင်း အရာရှိတွေက ပြောပါတယ်။ အဆိုရွားဆုံး အခြေအနေအတွက် ကျွန်တော်တို့ ပြင်ဆင်ထားရမယ်လို့…

ရေးဘီလူး အကောင့်မှာ Comment ဝင်ရေးသူတွေ စောင့်ကြည့်ဖမ်းဆီးခံနေရ

ရေး၊ သြဂုတ် ၁၀ မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ရဲ့ Facebook အကောင့်မှာ Comment ဝင်ရေးသူတွေ စောင့်ကြည့်ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာနေ အသက် ၂၉ နှစ်အရွယ် မဖူးပွင့်ဝေကို ရေးဘီလူး အကောင့်မှာ Comment ဝင်ရောက်ရေးသားမှုနဲ့ ရဲတပ်ဖွဲ့က…