အိုတာဝါ၊ သြဂုတ် ၁၀

ကနေဒါ အနောက်ပိုင်းမှာ အလျင်အမြန် ပျံ့နှံ့လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် လူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ပြီးနောက် အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

သြဂုတ် ၇ ရက်နေ့က တောမီး လောင်ကျွမ်းမှုတွေကို ပထမဆုံး တွေ့ရှိပြီး နောက်ပိုင်း မီးလောင်ကျွမ်းမှု နှစ်ဆ တိုးလာကြောင်း အရာရှိတွေက ပြောပါတယ်။

အဆိုရွားဆုံး အခြေအနေအတွက် ကျွန်တော်တို့ ပြင်ဆင်ထားရမယ်လို့ ဆမ်းမားလန်း မြို့တော်ဝန် ဒေါက် ဟုမ်းစ်က ပြောဆိုပါတယ်။

ဆမ်းမားလန်း ဒေသတစ်ခုလုံး ဘေးကင်းရာ ပြောင်းရွှေ့ခဲ့ရပြီး အနီးအနားရှိ တခြားဒေသတွေက ထောင်နဲ့ချီတဲ့ လူတွေလည်း ဘေးကင်းရာ ပြောင်းရွှေ့ခဲ့ရပါတယ်။

မိုးကြိုးပစ်ခတ်မှုတွေလည်း ရှိနေပြီး မီးတောက်တွေ အရမ်း ပြင်းထန်တာကြောင့် ရာသီဥတုစနစ် အသစ်တွေလို ဖြစ်နေတယ်လို့ ကနေဒါ အရာရှိတွေက ပြောပါတယ်။

သြဂုတ် ၆ ရက်ကတည်းက ထွက်ပြေးသွားရသူတွေ အိမ်မပြန်နိုင် ဖြစ်နေဆဲ ဖြစ်ပြီး လူနေအိမ် အများအပြားလည်း မီးလောင် ပျက်စီးသွားခဲ့ပါတယ်။

ကနေဒါမှာ လက်ရှိ တောမီးလောင်ကျွမ်းမှု ဧက ၃၃၆၅၀ (ဟက်တာ ၁၃၆၁၈) အထိ လောင်ကျွမ်းနေတာ ဖြစ်ပြီး တောမီးလောင်ကျွမ်းမှုဟာ ဗုံးတစ်လုံး ပေါက်ကွဲသလိုပဲလို့ မီးသတ် အရာရှိ တစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဗြိတိသျှကိုလံဘီယာဒေသ ဝန်ကြီးချုပ် ဒေါ်ဗစ် အီဘီက သြဂုတ် ၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လူနေအိမ်တွေ ဆုံးရှုံးလိုက်ရပြီး အဆောက်အဦတွေ ထိခိုက်ပျက်စီးမှုရှိသလို အခြေအနေ အရမ်း မြန်မြန်ဆန်ဆန် ပြောင်းလဲနေတာကြောင့် လူ တချို့ ပိတ်မိနေပြီး ကယ်တယ်ဖို့ လိုအပ်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အရေးပေါ် အခြေအနေ ကြေညာထားတာကြောင့် ပြည်နယ် အစိုးရတွေအနေနဲ့ ခရီးသွားလာခွင့် တာမြစ်တာ၊ ကုန်ဈေးနှုန်းများ မမြင့်တက်စေရေး ကာကွယ်မှုတွေ လုပ်ဆောင်တာ အပါအဝင် အထူး လုပ်ပိုင်ခွင့် အာဏာတွေ ရရှိထားပါတယ်။

လူဦးရေ ၁၂၀၀၀ ရှိတဲ့ ဆမ်းမားလန်းဒေသဟာ တောမီးများကြောင့် ထိခိုက်မှု အများဆုံး ဒေသ ဖြစ်ပြီး လူတွေ အများကြီး ထွက်ပြေးခဲ့ရတဲ့ ဒေသ ဖြစ်ပါတယ်။

လူဦးရေ ၆၅၀၀ လောက်ရှိတဲ့ ပိချ်လမ်း ဒေသခံတွေလည်း ဘေးကင်းရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

တောမီး ပျံ့နှံ့မှု အရမ်း မြန်ဆန်နေတာကြောင့် မီးသတ်သမားတွေ မီးငြိမ်းသတ်ရေး အခက်အခဲတွေ အများကြီး ရှိနေပါတယ်။

တောမီး ပြင်းထန်စွာ လောင်ကျွမ်းနေမှုကြောင့် ရဲတပ်ဖွဲ့က တစ်အိမ်တက်ဆင်း သွားရောက်ပြီး ဘေးကင်းရာ ပြောင်းရွှေ့ကြဖို့ ပြောဆိုခဲ့ရပါတယ်။

အိုကာနာဂျန် ဒေသမှာ တောမီး လောင်ကျွမ်းမှုကြောင့် ဘေးကင်းရာရွှေ့ပြောင်းရေး မြင်းကောင်ရေ အများအပြား ရှိနေတာကြောင့်လည်း ဒေသခံတွေ အခက်ကြုံနေရပါတယ်။

တိရစ္ဆာန်တွေကို ဘေးကင်းရာ မပြောင်းရွှေ့ပေးနိုင်တဲ့ ဒေသခံတွေက သူတို့ မွေးမြူထားတဲ့ တိရစ္ဆာန်တွေ ဘေးကင်းရေးအတွက် ဒီအတိုင်း လွှတ်ပေးလိုက်ရတာတွေ ရှိနေပါတယ်။

အခု နွေရာသီအတွင်း ကနေဒါနိုင်ငံတဝှမ်း တောမီး လောင်ကျွမ်းတဲ့ နေရာ ရာပေါင်းများစွာ ရှိနေပြီး ဇူလိုင်လတုန်းက အွန်တေရီယိုဒေသမှာ မီးလောင်ကျွမ်းတဲ့ နေရာ ၂၀၀ ကျော်အထိ ရှိခဲ့တာ ဖြစ်ပါတယ်။

ကနေဒါ တောမီးကြောင့် အမေရိကန်ရဲ့ မင်နီဆိုတာနဲ့ နယူးယောက်အထိ မီးခိုးတွေ ပျံ့နှံ့ လာနေပါတယ်။

လေထုညစ်ညမ်းစေမှုကြောင့် ကနေဒါအပေါ် အခွန်များ တိုးကောက်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်ထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.