ဘန်ကောက်၊ သြဂုတ် ၁၀

ဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး အာဆီယံရဲ့ ထပ်မံ တောင်းဆိုမှုကို စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ မြန်မာ စစ်အစိုးရက ပယ်ချလိုက်ပြီး အာဆီယံအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်ထားစရာ မလိုအပ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရဆီက ၂၀၂၁ ခုနှစ် အတွင်း အာဏာသိမ်းပြီး သူ့ကိုယ်သူ သမ္မတ ဖြစ်အောင် လုပ်ထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဆီယံနဲ့ ဆက်ဆံမှု ပြန်လည် စတင်နိုင်ရေး နိုင်ငံရေးအရ တရားဝင် ဖြစ်ရေး ကြိုပမ်းနေပါတယ်။

အာဆီယံက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တစ်ဦး ရေရှည်ခန့်ထားရေး မြန်မာနိုင်ငံရှိ အဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက်နေပါတယ်။

အဲဒီ အစီအစဉ်ကို လိုက်နာဖို့ ပျက်ကွက်မှုကြောင့် မင်းအောင်လှိုင်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေကို အာဆီယံ ထိပ်တန်း အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။

ဝေဖန်သံတွေ လျော့ကျသွားစေဖို့ ကြိုးပမ်းမှုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ကိုယ်စားလှယ်နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ဆုံခွင့် ပေးခဲ့ပါတယ်။

ဒါက သူ့ကို လွန်ခဲ့တဲ့ ၅ နှစ်က ထိန်းသိမ်းထားပြီး နောက်ပိုင်း အမှီအခိုကင်းတဲ့ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားရေး အဖွဲ့နဲ့ ပထမဆုံး တွေ့ဆုံခွင့်ပြုတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ရဲ့ အတည်တကျ ဖော်ပြမထားတဲ့ နေအိမ် တစ်ခုမှာ နေအိမ် အကျယ်ချုပ် ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်က အဲဒီလို တွေ့ဆုံခွင့်ပေးမှုကို ကြိုဆိုပြီး ပြန်လည် ရင်ကြားစေ့ရေး ရှေ့ဆက်နိုင်မယ့် ခြေလှမ်းအဖြစ် ကြိုဆိုထားပါတယ်။

ဒါပေမဲ့ အာဆီယံက ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေး တောင်းဆိုထားဆဲ ဖြစ်ပါတယ်။

သူ့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို လူသားချင်း စာနာ ထောက်ထားတဲ့ အနေနဲ့ လျှော့ပေါ့ပေးထားပေမယ့် သူ့ကို အပြည့်အဝ ခြွင်းချက်မရှိ လွှတ်ပေးဖို့ဆိုတာက ဥပဒေနဲ့ အညီ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ လက်ရှိ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ဆက်လက် ထိတွေ့ ဆက်ဆံသွားမှာ ဖြစ်ပေမယ့် ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ စင်ကာပူက အာဆီယံ ဥက္ကဋ္ဌ ရာထူး လက်ခံ ရယူပြီး နောက်ပိုင်း အဲဒီ လမ်းကြောင်းအတိုင်း လုပ်ဆောင်စရာ မလိုတော့ဘူးလို့ ရှုမြင်ကြောင်း ပြောထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.