June 18, 2026

ထိုင်းအစိုးရ ကမ်းရိုးတန်းချင်းဆက် စင်္ကြံ တည်ဆောက်ဖို့ စီစဉ်နေ

ရနောင်း၊ ဇွန် ၁၈ ထိုင်းအစိုးရက ကျွန်းစွယ် တစ်ဖက်တစ်ချက်ရှိ ဆိပ်ကမ်းတွေကြား ကုန်စည် သယ်ပို့နိုင်ရေး ဒေါ်လာ ၃၀ ဘီလီယံ တန်ဖိုးရှိ ကုန်မြေပေါ် ဖြတ်သန်းမယ့် တံတား တစ်စင်း တည်ဆောက်ဖို့ အဆိုပြုထားပါတယ်။ အီရန် စစ်ပွဲဖြစ်ပွားချိန် ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားတာကြောင့် အဲဒီဗျူဟာမြောက် ရေလက်ကြား ချုပ်ကွက်အပေါ် နိုင်ငံတွေ အားကိုးနေရမှုကို အလေးထား…

မဲစာရွက် မလောက်ငှဖြစ်ခဲ့တဲ့ ကိစ္စကို တောင်ကိုရီးယား လွှတ်တော် စတင် စုံစမ်းစစ်ဆေး

ဆိုးလ်၊ ဇွန် ၁၈ ဇွန် ၃ ရက်မှာကျင်းပခဲ့တဲ့ ဒေသန္တရ ရွေးကောက်ပွဲအတွင်း မဲစာရွက်တွေ မလုံလောက်တာကြောင့် ရွေးကောက်ပွဲ အနှောင့်အယှက် ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမျိုးသား ရွေးကောက်ပွဲကော်မရှင်ကို တောင်ကိုရီးယား လွှတ်တော်က ၄၅ ရက်ကြာ စုံစမ်း စစ်ဆေးရေး ဇွန် ၁၈ ရက်မှာ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ မဲစာရွက်တွေ…

ကမ္ဘောဒီးယား ကျားဖြန့်စင်တာ ခေါင်းဆောင်ကို တရုတ်သို့ လွှဲပြောင်းပို့ဆောင်

ဘေဂျင်း၊ ဇွန် ၁၈ ကမ္ဘောဒီးယားမှာ ကျားဖြန့် စင်တာတွေ ဖွင့်လှစ်ထားတဲ့ ထင်ရှားတဲ့ ရာဇဝတ်ဂိုဏ်းရဲ့ ဦးဆောင် အဖွဲ့ဝင်ဆိုသူကို တရုတ်ထံ လွှဲပြောင်းပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ဘေဂျင်းအစိုးရက ဇွန် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။ ကမ္ဘောဒီးယားဟာ အွန်လိုင်းက ချစ်ကြိုဟန်ဆောင်ပြီး လိမ်လည်တာ၊ ရင်းနှီးမြှုပ်နှံရေး မက်လုံးတွေ ပေးပြီး လိမ်လည်တာတွေ လုပ်ဆောင်နေတဲ့ ကျားဖြန့်လုပ်ငန်း စုရပ်…

အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်ရေး သဘောတူညီမှု ထရန့်နဲ့ အီရန် သမ္မတ လက်မှတ်ရေးထိုး

ဝါရှင်တန်၊ ဇွန် ၁၈ အရှေ့အလယ်ပိုင်း စစ်ပွဲ အဆုံးသတ်ရေး ရည်ရွယ်တဲ့ သဘောတူညီမှု တစ်ရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်နဲ့ အီရန် သမ္မတတို့ ဇွန် ၁၇ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီမှုအရ အီရန်အပေါ် စီးပွားရေး ပိတ်ဆို့မှု အများစု ရုတ်သိမ်းပေးရမှာ ဖြစ်ပြီး အီရန်က သူတို့ရဲ့ သန့်စင်ပြီးသား ယူရေနီယံတွေကို…

ထားဝယ်မြို့အဝင်ဂိတ်မှာ တာဝန်ကျနေတဲ့ စစ်သား ငါးဦး ထွက်ပြေး

ထားဝယ်၊ ဇွန် ၁၈ တနင်္သာရီတိုင်း ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားဂိတ်မှာ လုံခြုံရေးတာဝန်ကျနေတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ငါးဦး ထွက်ပြေးသွားတယ်လို့ မြို့ခံတွေအပါအဝင် နယ်မြေခံသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ပေါက်တိုင်းတံတားဂိတ်မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်း တပ်သား ငါးဦးဟာ လှည့်ကင်းထွက်မယ်ဆိုပြီး ထွက်သွားရာကနေ ပြန်မရောက်လာတာတော့လို့ သိရပါတယ်။…

မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး အိမ်ရာတွေကို စစ်တပ် ဗုံးကြဲ

ရေး၊ ဇွန် ၁၈ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ ငြိမ်းချမ်းရေး အိမ်ရာတွေကို အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားမယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ ဇွန် ၁၉ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ အာဏာသိမ်းစစ်တပ်ဟာ ရေးချောင်းဖျားဒေသ ချောင်းနှစ်ခွရွာမှာ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေး အိမ်ရာတွေကို လေကြောင်းကနေ ဗုံး…