ဆိုးလ်၊ ဇွန် ၁၈

ဇွန် ၃ ရက်မှာကျင်းပခဲ့တဲ့ ဒေသန္တရ ရွေးကောက်ပွဲအတွင်း မဲစာရွက်တွေ မလုံလောက်တာကြောင့် ရွေးကောက်ပွဲ အနှောင့်အယှက် ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမျိုးသား ရွေးကောက်ပွဲကော်မရှင်ကို တောင်ကိုရီးယား လွှတ်တော်က ၄၅ ရက်ကြာ စုံစမ်း စစ်ဆေးရေး ဇွန် ၁၈ ရက်မှာ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

မဲစာရွက်တွေ မလုံလောက်တာကြောင့် ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ နုတ်ထွက်ခဲ့ရပြီး သမ္မတ လီဂျေးမြောင်က အသေအချာ စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။

ဒီကိစ္စဟာ နိုင်ငံသားတွေရဲ့ မဲပေးခွင့်ကို ချိုးဖောက်တာ ဖြစ်ပြီး နိုင်ငံတဝှမ်း ရွေးကောက်ပွဲစနစ် ပြုပြင် ပြောင်းလဲဖို့လိုနေပြီ ဖြစ်ကြောင်း လွှတ်တော်အမတ်တွေက ပြောကြားပြီး ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဒေသန္တရ ရွေးကောက်ပွဲ အဖွဲ့တွေကို စစ်ဆေးနေတာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေး အထူးအဖွဲ့မှာ အာဏာရ ဒီမိုကရက်တစ်ပါတီနဲ့ အဓိက အတိုက်အခံ ပြည်သူ့ အာဏာပါတီက လွှတ်တော် အမတ်တွေ ပါဝင်ပါတယ်။

အဖွဲ့ ခေါင်းဆောင်အနေနဲ့ အတိုက်အခံ ပါတီက လွှတ်တော်အမတ် ယောင်ဆန်းဟွန်က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။’

အချက်အလက်မှန် စုံစမ်း စစ်ဆေးမှု မပြီးသေးဘဲ အခုမှ အစပဲ ရှိပါသေးတယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ချိုလ်ဂျောင်ဆစ်က ပြောပါတယ်။

လွှတ်တော်ဆိုင်ရာ စုံစမ်း စစ်ဆေးရေးအဖွဲ့က မဲစာရွက်တွေ မလုံလောက် ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်မှာ ဖြစ်ပြီး ပြည်သူလူထု ယုံကြည်လို့ရမယ့် ရွေးကောက်ပွဲ စီမံခန့်ခွဲပုံ ပြုပြင် ပြောင်းလဲမှုဆီ ဦးတည်သွားနိုင်တယ်လို့ သူက ပြောပါတယ်။

မဲစာရွက်တွေ မလောက်ငှတာကြောင့် ရွေးကောက်ပွဲ အနှောင့်အယှက် ဖြစ်ခဲ့ရမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားမှာ တက္ကသိုလ် ကျောင်းသားတွေပါဝင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။

နိုင်ငံတဝှမ်း မဲရုံ စုစုပေါင်း ၉၁ ခုမှာ မဲစာရွက်တွေ မလောက်ငှတာကြောင့် မဲပေးမှု ခေတ္တ ရပ်သွားခဲ့ရ ပါတယ်။

စောင်းဆိုင်းခွင့် လက်မှတ်တွေ ထုတ်ပေးခဲ့ပြီး သူတို့အနေနဲ့ မဲထည့်ခွင့် ရရှိခဲ့ပေမယ့် အဲဒီလို လက်မှတ် မရသူ ၁၂ ဦးလောက် မဲထည့်ခွင့် မရခဲ့ဘူးလို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.