ရနောင်း၊ ဇွန် ၁၈

ထိုင်းအစိုးရက ကျွန်းစွယ် တစ်ဖက်တစ်ချက်ရှိ ဆိပ်ကမ်းတွေကြား ကုန်စည် သယ်ပို့နိုင်ရေး ဒေါ်လာ ၃၀ ဘီလီယံ တန်ဖိုးရှိ ကုန်မြေပေါ် ဖြတ်သန်းမယ့် တံတား တစ်စင်း တည်ဆောက်ဖို့ အဆိုပြုထားပါတယ်။

အီရန် စစ်ပွဲဖြစ်ပွားချိန် ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားတာကြောင့် အဲဒီဗျူဟာမြောက် ရေလက်ကြား ချုပ်ကွက်အပေါ် နိုင်ငံတွေ အားကိုးနေရမှုကို အလေးထား ပြောဆိုပြီး ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က အခု အစီအစဉ်ကို အဆိုပြုထားတာ ဖြစ်ပါတယ်။

ဒေါ်လာ ၃၀ ဒသမ ၄၅ ဘီလီယံ ကုန်ကျမယ့် အဲဒီ အစီအစဉ် အသွားအလာများတဲ့ မလက္ကာ ရေလက်ကြားအစားသုံးမယ့် ပို့ဆောင်ရေးစင်္ကြံ ဖြစ်ပြီး ပင်လယ်နက် ဆိပ်ကမ်း အသစ်နှစ်ခုကို ချိတ်ဆက်မှာ ဖြစ်ပါတယ်။

ထိုင်းပင်လယ်ကွေ့ရှိ ချွမ်ဖွန်ဆိပ်ကမ်းနဲ့ ရနောင်းကို ချိတ်ဆက်မှာ ဖြစ်ပြီး အဆိုပြုထားတဲ့ လမ်းကြောင်းတလျှောက်ရှိ ဒေသခံတွေကတော့ သူတို့ရဲ့ နေထိုင်စားသောက်ရေး အနာဂတ်အတွက် စိုးရိမ်နေကြပါတယ်။

အဲဒီ စီမံကိန်းဟာ လောလောဆယ်မှာ စီးပွားရေးအရ အမြော်အမြင်ကြီးမားပုံရပေမယ့် ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းဖြစ်တဲ့ မလက္ကာ ရေလက်ကြားနဲ့တော့ ယှဉ်လို့ရမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

ဒါပေမဲ့ ထိုင်းအတွက် ဗျူဟာမြောက် အသေးစား စင်္ကြံတစ်ခု အဖြစ်တော့ အသုံးပြုဖို့ ရလာနိုင်လိမ့်မယ်လို့ သူတို့က ပြောပါတယ်။

မိုင် ၅၅၀ ရှည်တဲ့ မလက္ကာ ရေလက်ကြားဟာ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူတို့နဲ့ ဆက်စပ်နေတာ ဖြစ်ပြီး အရှေ့အာရှကနေ အရှေ့အလယ်ပိုင်းနဲ့ ဥရောသို့ သွားရောက်နိုင်တဲ့ အတိုဆုံး ရေလမ်းကြောင်း ဖြစ်ပါတယ်။

အဆိုပါပြုထားတဲ့ စီမံကိန်းပြီးစီးရင် ကုန်စည် ပို့ဆောင် စရိတ် ၃၀ ရာခိုင်နှုန်း နီးပါး လျှော့ချနိုင်မှာ ဖြစ်ပြီး တရုတ်တောင်ပိုင်းနဲ့ အိန္ဒိယသမုဒ္ဒရာရှိ ဆိပ်ကမ်းများကြား သွားလာချိန် ၁၄ ရက် လျော့ကျစေမှာ ဖြစ်တယ်လို့ ထိုင်းအစိုးရရဲ့ အဆိုပြုချက်မှာ ဖော်ပြထားပါတယ်။

ဒီစီမံကိန်းရဲ့ အဓိက နေရာမှာ ပင်လယ်နက် ဆိပ်ကမ်းနှစ်ခုကြား ၅၆ မိုင်ရှည်တဲ့ စံချိန်မီရထားလမ်း တစ်ခု ပါဝင်မယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.