ဝါရှင်တန်၊ ဇွန် ၁၈

အရှေ့အလယ်ပိုင်း စစ်ပွဲ အဆုံးသတ်ရေး ရည်ရွယ်တဲ့ သဘောတူညီမှု တစ်ရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်နဲ့ အီရန် သမ္မတတို့ ဇွန် ၁၇ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီသဘောတူညီမှုအရ အီရန်အပေါ် စီးပွားရေး ပိတ်ဆို့မှု အများစု ရုတ်သိမ်းပေးရမှာ ဖြစ်ပြီး အီရန်က သူတို့ရဲ့ သန့်စင်ပြီးသား ယူရေနီယံတွေကို သန့်စင်မှုအဆင့် လျှော့ချပေးဖို့ သဘောတူထားပါတယ်။

ထရန့်က အဲဒီ နားလည်မှု စာချွန်လွှာကို G 7 ညီလာခံပြီးနောက် ဗာဆေးလက်စ် နန်းတော်မှာ ပြုလုပ်ခဲ့တဲ့ ပြင်သစ်သမ္မတ မက်ကရွမ်နဲ့ ညစာစားပွဲအတွင်း လက်မှတ်ရေးထိုးခဲ့တာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောပါတယ်။

အဲဒါကို အခုပဲ လက်မှတ်ထိုးလိုက်ပြီလို့ ထရန့်က နန်းတော်က ထွက်ပေါ်လာပြီးနောက် သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီ စာရွက်စာတမ်းကို သမ္မတတွေရဲ့ လက်မှတ်တွေနဲ့အတူ အပြီးသတ်လိုက်ပြီလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာကာအီကို ကိုးကားပြီး နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

ဒီသဘောတူညီမှုက ဖေဖော်ဝါရီ ၂၈ ရက် စတင်ခဲ့တဲ့ စစ်ပွဲကို တားဆီးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် အီရန်က ဒေသတဝှမ်း လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးအတွက် အရေးပါတဲ့ ဟောမု့စ် ရေလက်ကြားကိုလည်း အီရန်က ထိထိရောက်ရောက် ပိတ်ထားခဲ့ပါတယ်။

အခုတော့ သဘောတူညီမှုကို အကောင်အထည်ဖော်မှုကို စမ်းသပ်ဖို့ အချိန်ကျပြီ ဖြစ်ကြောင်း ဘာကာအီက ပြောပါတယ်။

သဘောတူညီမှုအရ ဝါရှင်တန်က အီရန်ရဲ့ စီးပွားရေးကို ယိုင်နဲ့စေတဲ့ ရေနံပိတ်ဆို့မှုတွေကို ချက်ချင်း ဖြေလျှော့ပေးမယ်လို့ ကတိပြုထားပါတယ်။

အီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ပတ်သက်လို့ အပြီးသတ် သဘောတူညီမှု ရပြီးတာနဲ့ အမေရိကန်က ဒေသဆိုင်ရာနိုင်ငံတွေ ထောက်ပံ့ပေးတဲ့ ပြန်လည် တည်ဆောက်ရေး ရန်ပုံငွေ ဒေါ်လာ ၃၀၀ ဘီလီယံ ပေးမှာ ဖြစ်ပါတယ်။

အဲဒီ သဘောတူညီမှုကို ကနဦးမှာ အီရန် ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်၊ လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာဂဟာ ဂါလီဘက်နဲ့ အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်ဇ်တို့ လက်မှတ်ရေးထိုးဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

လူကိုယ်တိုင် လက်မှတ်ရေးထိုးစရာ မလိုတော့ဘူးလို့ အီရန်က ပြောဆိုထားပါတယ်။

ဒီသဘောတူညီမှုဟာ အမေရိကန်ရဲ့ ကျရှုံးမှုကို ထင်ဟပ်စေတယ်လို့ အီရန်က ပြောထား ပါတယ်။

နှစ်ဖက်စလုံးက သဘောတူညီမှု စာရွက်စာတမ်းတွေကို ကြေညာပြီးနောက် လွှတ်တော်ဥက္ကဌ ဂါလီဘက်က အဲဒါကို လူတွေ ကြည့်ပြီး ဆုံးဖြတ်ကြလိမ့်မယ်လို့ ဇွန် ၁၇ ရက်မှာ ရုပ်သံတစ်ဆင့် ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံစလုံးက သူတို့ရဲ့ ကတိတွေကို အမှန်အကန် အကောင်အထည်ဖော်ဖို့ အဓိကကျတယ်လို့ တရုတ်က ပြောပါတယ်။

ဒါပေမဲ့ ထရန့်က အမေရိကန် စစ်သား ၁၃ ဦး သေဆုံးပြီး အမေရိကန် လက်နက်ခဲယမ်း တွေအများကြီး သုံးခဲ့ရတဲ့ စစ်ပွဲကို ဆက်တိုက်ဖို့ ဆုံးဖြတ်ထားတဲ့ သဘော ပြောဆိုထားပါတယ်။

သဘောတူညီမှုဟာ ပိုပြီး အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ အချိန်ရအောင် လုပ်တဲ့ သဘော ဖြစ်ပါတယ်။

အီရန်ရဲ့ နျူကလီယား လက်နက်ပိုင်ဆိုင်ရေး ရည်မှန်းချက်ကို ရေရှည် ထိန်းချုပ်ရေးလို ကိစ္စတွေက အများကြီး ပိုရှုပ်ထွေးဦးမှာ ဖြစ်ပါတယ်။

အီရန်အနေနဲ့ သဘောတူညီမှု ချိုးဖောက်ရင် အီရန်အပေါ် ငရဲဗုံးတွေ ကြဲချဖို့ ပြင်ဆင်ထားတယ်လို့ ထရန့်က ပြောဆိုထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.