မြန်မာ့အရေး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် ရောက်ဖို့ မရေရာ
မော်လမြိုင် ၊ မေ ၂၄ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်ပြီး စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတို့ကြား မတူညီတဲ့ အခြေခံမူတွေကြောင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် ရောက်ဖို့ မရေရာတဲ့ အခြေအနေမှာ ဆက်ရှိနေပါတယ်။ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ စစ်တပ်က အစဉ်တစိုက် ပါဝင်ရေးကို ထောက်ပံ့ပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို အခြေခံပြီး စစ်အုပ်စုက ရပ်တည်နေတာပါ။ တော်လှန်ရေးအင်အားစုတွေကတော့…
