March 25, 2026

စစ်အာဏာသိမ်း (၁၈၇၉)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၉၅၂) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၂၆ AAPP ရဲ့ မတ်၂၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၇၉) ရက်အတွင်း ပြည်သူ (၇၉၅၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၆၉၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၃၉၇)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ဘုရားသုံးဆူမှာ ကျားဖြန့်အဆောက်အဦသစ်တွေ ထပ်မံဆောက်လုပ်နေ

ဘုရားသုံးဆူ၊ မတ် ၂၆ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ အွန်းလိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်အဆောက်အဦးသစ်တွေ ထပ်မံတိုးချဲ့ဆောက်လုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းကစလို့ ဘုရားသုံးမြို့အနီးရှိ ထီးလောင်ယူးရေတံခွန်သွားတဲ့ လမ်းပိုင်းက ကော်ဖီခြံဝင်းအတွင်းမှာ ကျားဖြန့်လုပ်ငန်းအတွက် အဆောက်အအုံအဦးသစ်တွေ ထပ်မံဆောက်လုပ်နေတာပါ။ အဲဒီကော်ဖီခြံဟာ ဘုရားသုံးဆူမြို့ကို ထိန်းချုပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က ဗိုလ်မှူးကြီး စောအေဝမ်းပိုင်ဆိုင်ကာ…

လွှတ်တော်ကော်မတီတွေမှာလည်း စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ကြံ့ခိုင်ရေးအမတ်တွေ ဦးဆောင်ပြန်

နေပြည်တော် ၊ မတ် ၂၆ စစ်ကော်မရှင်ရဲ့ အပိုင်းလိုက်ရွေးကောက်ပွဲက‌နေ ဖြစ်ပေါ်လာတဲ့ တတိယကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ ဖွဲ့စည်းတဲ့ အမြဲတမ်းကော်မတီလေးခုမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ကြံ့ခိုင်ရေးအမတ်တွေ ဦးဆောင်ပြန်ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကို ဦးဆောင်တဲ့ ဥက္ကဋ္ဌ နှစ်ဦးဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေဖြစ်ကြတဲ့အပြင် အဲဒီလွှတ်တော်နှစ်ရပ်ကနေ တာဝန်ပေးဖွဲ့စည်းတဲ့ ကော်မတီတွေမှာလည်း တပ်အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေနဲ့ ထည့်သွင်းထားတာပါ။ စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်အရ မတ်…

မြဝတီ အာရှလမ်း ဧပြီ ၁ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ သတင်းထွက်ပေါ်

မြဝတီ၊ မတ် ၂၆ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကို လာမယ့် ဧပြီလ ၁ ရက်နေ့မှာ စစ်ကော်မရှင်က ပြန်ဖွင့်သွားမယ်လို့ သတင်းထွက်ပေါ်နေရာ ဒေသခံတွေပြည်သူတွေကတော့ စက်သုံးဆီ အကြပ်အတည်းကာလအတွင်း အာရှလမ်းမ ပြန်ဖွင့်နိုင်ဖို့ မျှော်လင့်နေတာပါ။ အာရှလမ်းမကို နှစ်အတန်ကြာ ပိတ်ထားခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ၂၀၂၅ စက်တင်ဘာလအတွင်း စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်အစိုးရသစ်မဖွဲ့ခင်မှာ အာရှလမ်းအပြင်…

အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ နိုင်ငံတွေဆီက ရေနံ ဝယ်ယူနိုင်ရေး ဖိလစ်ပိုင်က ဝါရှင်တန်နဲ့ ဆွေးနွေးနေ

မနီလာ၊ မတ် ၂၅ အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ နိုင်ငံတွေဆီက ရေနံ ဝယ်ယူခွင့်ရရှိရေး ကင်းလွတ်ခွင့် ရရှိရေး ဖိလစ်ပိုင်က ဝါရှင်တန်နဲ့ လက်တွဲဆောင်ရွက်နေကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်က ပြောလိုက်ပါတယ်။ လိုအပ်တဲ့ လောင်စာတွေအတွက် ပြည်ပနိုင်ငံတွေကို အားကိုးနေရတဲ့ ဖိလစ်ပိုင်မှာ အရှေ့အလယ်ပိုင်း စစ်ပွဲရဲ့ ရိုက်ခတ်မှုတွေ လျော့ပါးစေရေး မတ် ၂၄ ရက်က လောင်စာ…

ခရီးသွားတွေကို ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပြုတဲ့ ကာလ ထက်ဝက်လျှော့ချဖို့ ထိုင်း နိုင်ငံခြားရေးဌာန အဆိုပြု

ဘန်ကောက်၊ မတ် ၂၅ အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကို ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပြုတဲ့ ကာလရက်ပေါင်း ၆၀ ကို ရက် ၃၀ သို့ လျှော့ချရေး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပြုထားပါတယ်။ အဆိုပြုထားတဲ့ ထိန်းညှိမှုကြောင့် ကမ္ဘာလှည့်ခရီးသွားကဏ္ဍကို ထိခိုက်စေမှာ မဟုတ်ဘူးဘဲ နိုင်ငံတော် လုံခြုံရေး အားကောင်းလာစေမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က မတ်…

ကျိုက်ထိုမှာ ကုန်တင်ကုန်ချ အလုပ်သမား ၃၀ ကျော် ဖမ်းဆီးခံရ

ကျိုက်ထို၊ မတ် ၂၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာဆိပ်ကမ်းမှာ ကုန်တင်ကုန်ချ အလုပ်သမား ၃၀ ကျော်ကို စစ်ကော်မရှင်တပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ ည ၇ နာရီအချိန်ခန့်က ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာဆိပ်ကမ်းမှာ ကုန်တင်ယာဉ် နှစ်စီးကို ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ ကုန်တင်ယာဉ် နှစ်စီးကို…

စက်သုံးဆီကြောင့် သင်္ကြန်ပွဲတော် အကျပ်အတည်း မဖြစ်စေချင်ဘူးလို့ စစ်ခေါင်းဆောင် ပြော

နေပြည်တော် မတ် ၂၅ စက်သုံးဆီ ကန့်သတ်ချက်တွေကြောင့် အတာသင်္ကြန်ပွဲတော်ကျင်းပမှုကို အကျပ်အတည်း မဖြစ်စေလိုကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မနေ့ မတ်လ ၂၄ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်လာတဲ့ စက်သုံးဆီများ ဖူလုံစွာရရှိရေးနဲ့သုံးစွဲမှုများ စနစ်တကျဖြစ်စေရေးအတွက် ကျင်းပတဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။ စစ်ခေါင်းဆောင်က မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ဟာ ပြည်သူတွေမျှော်လင့်ထားတဲ့ မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်တာကြောင့်…

အီရန်က သဘောတူညီမှု အသည်းအသန် လိုချင်နေပြီလို့ ထရန့် ပြော

ဝါရှင်တန်၊ မတ် ၂၅ အီရန် စစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းမှုတွေ လက်ရှိ လုပ်ဆောင်နေပြီး အမေရိကန်နဲ့ ဆွေးနွေးနေသူတွေက သဘောတူညီမှု တစ်ရပ် အသည်းအသန် လိုချင်နေကြတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ထရန့်က အခုလိုမျိုး ပြောကြားလိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်း ၆ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါတယ်။ အမေရိကန်နဲ့ ဆက်သွယ် ဆွေးနွေးနေတာမျိုး မရှိဘူးလို့…

စွမ်းအင်ဆိုင်ရာ အရေးပေါ် အခြေအနေ ဖိလစ်ပိုင် ကြေညာ

မနီလာ၊ မတ် ၂၅ အီရန် စစ်ပွဲနဲ့ပတ်သက်လို့ တုံ့ပြန်တဲ့အနေနဲ့ ဖိလစ်ပိုင်က ကမ္ဘာ့ ပထမဆုံးအဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စွမ်းအင်ဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။ နိုင်ငံအတွက် စွမ်းအင် ထောက်ပံ့မှု တည်ငြိမ်စေရေးနဲ့ ဝယ်ယူရရှိနိုင်မှုအပေါ် မလွဲဧကန် အန္တရာယ် ကျရောက်လာတော့မှာ ဖြစ်တာကြောင့် စွမ်းအင်ဖူလုံမှု ကာကွယ်ရေး အထူးအမိန့်တစ်ရပ်ကို လက်မှတ် ရေးထိုးလိုက်ကြောင်း ဖိလစ်ပိုင်သမ္မတ…