ဂျကာတာ၊ ဖေဖော်ဝါရီ ၁၆
ကမ္ဘောဒီးယားရှိ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေ စီးနင်းခံရပြီးနောက် မိမိတို့ နိုင်ငံသား ၃၆၀၀ ကို အစိုးရက ပြန်လည်ခေါ်ယူသွားမှာ ဖြစ်ကြောင်း ဖနွမ်းပင်မြို့ရှိ အင်ဒိုနီးရှားသံရုံးက ပြောပါတယ်။
နိုင်ငံသားတွေ ပြန်လည် ခေါ်ယူမှုကို အဆင့်လိုက် ပြုလုပ်သွားမှာ ဖြစ်ပြီး မတ် ၄ ရက်အထိ ကြာမြင့်မှာ ဖြစ်ကြောင်း ကမ္ဘောဒီးယားအခြေစိုက် အင်ဒိုနီးရှား သံရုံးက ဖေဖော်ဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံသား ၇၄၃ ဦး ပါဝင်တဲ့ ပထမအုပ်စုကို ဖေဖော်ဝါရီ ၁၅ ရက်က စတင်ခေါ်ယူထားကြောင်း ကြေညာချက် တစ်ရပ်မှာ ဖော်ပြပါတယ်။
ဇန်နဝါရီ ၃၀ ရက်နောက်ပိုင်း မိမိစရိတ်နဲ့ မိခင်နိုင်ငံသို့ ပြန်လာတဲ့ နိုင်ငံသား ၂၂၅ ဦး ရှိကြောင်လည်း အင်ဒိုနီးရှား သံရုံးက ပြောပါတယ်။
သူတို့အနေနဲ့ သံရုံးမှာ မှတ်ပုံတင်ပြီး ကနဦး စစ်ဆေးမှုများ ခံယူပြီးနောက် အင်ဒိုနီးရှားသို့ ပြန်လာခွင့် ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်အထိ သူတို့ကို စစ်ဆေးရာမှာ ၃၅၉၅ ဦးဟာ လူကန်ကူးခံရသူတွေ မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိထား ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖန်တီးထားတဲ့ ယန္တယားတွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ကြောင်း သိရပါတယ်။
နိုင်ငံတကာ စည်းမျည်းဥပဒေတွေနဲ့အညီ လူကုန်ကူးမှုဆိုင်ရာ ဥပဒေတွေနဲ့အညီ စစ်ဆေးနေတာ ဖြစ်ကြောင်းလည်း အင်ဒိုနီးရှား သံရုံးက ပြောပါတယ်။
ပြန်လည်ပို့ဆောင်လိုက်သူ အားလုံး ဂျကာတာသို့ ရောက်ရှိချိန်မှာ နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်ခံရမှာ ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး ဆန်တို ဒိုမာဆာမိုတိုက ဆိုပါတယ်။
အင်ဒိုနီးရှား နိုင်ငံသား အများစုဟာ နိုင်ငံကူး လက်မှတ်မရှိသူတွေ ဖြစ်ပြီး ကမ္ဘောဒီးယား လူဝင်မှုကြီးကြပ်ရေးက ဒဏ်ရိုက်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။
အွန်လိုင်း လိမ်လည်မှုလုပ်ငန်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စစ်ဆေးတွေ့ရှိသူတွေအနေနဲ့ ဥပဒေအရ အရေးယူခံရမှာ ဖြစ်ကြောင်း အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။
ကမ္ဘောဒီးယား အရာရှိတွေက ကြီးကြီးမားမား နှိမ်နှင်းမှု အပြီးမှာ အဲဒီ အင်ဒိုနီးရှား နိုင်ငံသားတွေ ပြန်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။
Ref:Agencies

