ကြားဖြတ်ရွေးကောက်ပွဲမှာ အသင့်ဖြစ်ရေး ပါတီတွေအနေနဲ့ မဲဆန္ဒရှင်တွေနဲ့ ထိတွေ့ဖို့ ရွေးကော်ပြော
နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၅ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးမယ့် အချိန်မှာ အဆင်သင့်ဖြစ်နေစေရေး နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေနဲ့ အဆက်မပြတ် ထိတွေ့နေဖို့ လိုမယ်လို့ စစ်ကော်မရှင်ခန့် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်က ဥက္ကဋ္ဌတွေ၊ ခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြရာမှာ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက…
