February 10, 2026

စစ်အာဏာသိမ်း (၁၈၃၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၇၆၈) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ၁၁ AAPP ရဲ့ ဖေဖော်ဝါရီ၁၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၃၆) ရက်အတွင်း ပြည်သူ (၇၇၆၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၄၄၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၆၂၂)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

သမ္မတရဲ့အာဏာစက် အကန့်အသတ်မရှိ ဖြစ်လာစေမယ့် ခုံရုံးဥပဒေ ကာလုံပြင်ဆင်

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၁ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံ‌ရေးကောင်စီက စစ်တပ်ရဲ့ ရွေးကောက်ပွဲကနေ တက်လာမယ့် နိုင်ငံတော်သမ္မတရဲ့ အာဏာစက်ကို အကန့်အသတ်မရှိ ဖြစ်လာစေမယ့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်လိုက်ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတနေရာမှာ လက်မှတ်ရေးထိုးပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ အခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို တတိယကြိမ် ပြင်ဆင်တဲ့ ဥပဒေအဖြစ် ပြီးခဲ့တဲ့…

ကရင်ပြည်နယ် မြိုင်ကြီးငူဒေသထဲ လက်နက်ကြီးကျ

လှိုင်းဘွဲ၊ ဖေဖော်ဝါရီ ၁၁ ကရင်ပြည်နယ် မြိုင်ကြီးငူဒေသမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အဆောက်အဦ တ ချို့ ထိမှန်ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦးလည်း ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသ ဇီဇဝါမြိုင်ရပ်ကွက်အတွင်းရှိ မြိုင်ကြီးငူဆေးရုံအနီးမှာ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဆေးရုံ အဆောက်အဦ တချို့နဲ့ ကားတစ်စီး…

ကျိုက်ထိုတိုက်ပွဲမှာ PDF ရဲဘော်သုံးဦးကျဆုံး

ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၁ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း PDF ရဲဘော်သုံးဦး ကျဆုံးထားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကစလို့ ကျိုက်ထိုမြို့နယ်ထဲကို အင်အား ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးမှုကြောင့် ဖေဖော်ဝါရီ ၉ ရက်နေ့က မုက္ခမော့ကျေးရွာနဲ့ ခရွဲကျေးရွာတို့မှာ…

ထိုင်းရွေးကောက်ပွဲ အငြင်းပွားစရာ မဲဆန္ဒနယ်တွေမှာ မဲပြန်လည် ရေတွက်ရေး ပြည်သူ့ပါတီ ဖိအားပေး

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၀ ထိုင်းရွေးကောက်ပွဲအတွင်း ပုံမှန်မဟုတ်တဲ့ မဲပေးမှုတွေ ရှိခဲ့တဲ့ အငြင်းပွားစရာ မဲဆန္ဒနယ်တွေမှာ မဲပြန်လည် ရေတွက်ပေးရေး ပြည်သူ့ပါတီက ဖေဖော်ဝါရီ ၉ ရက်က တောင်းဆိုထား ပါတယ်။ အထူးသဖြင့် စာရင်းမဝင်တဲ့ မဲအရေအတွက် စံချိန်တင် များပြားပြီး ရာခိုင်နှုန်း အနည်းငယ်ပဲ ကွာဟမှု ရှိခဲ့တဲ့ လမ်ပန်းနဲ့ ခွန်ကာအန် မဲဆန္ဒနယ်တွေမှာ မဲပြန်လည်…

အမေရိကန်က ကျူးဘားကို အသက်ရှူကြပ်အောင် လုပ်နေတယ်လို့ ရုရှား စွပ်စွဲ

မော်စကို၊ ဖေဖော်ဝါရီ ၁၀ ကျူးဘာမှာ လောင်စာ အရေးပေါ် အခြေအနေ ကြုံတွေ့နေရပြီး အမေရိကန်က ကျူးဘား စီးပွားရေး အသက်ရှူကြပ်အောင် လုပ်ဆောင်နေတယ်လို့ ရုရှားက ဖေဖော်ဝါရီ ၉ ရက်က စွပ်စွဲလိုက်ပါတယ်။ မော်စကိုက ကျူးဘား၊ ဗင်နီဇွဲလားတို့နဲ့အတူ ရပ်တည်ပြီး အမေရိကန်က ကျူးဘား စီးပွားရေးကို လည်ပင်း ညှစ်ထားတာကြောင့် အခက်အခဲ များစွာ ဖြစ်ပေါ်နေတယ်လို့…

ကျိုက်ထိုမှာ စစ်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေ

ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၀ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ အင်အား ၅၀၀ လောက်ရှိတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကစလို့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာတွေထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးမှုကြောင့်…

မြဝတီ ဖလူးဒေသမှာ တိုက်ပွဲပြင်းထန်နေ

မြဝတီ၊ ဖေဖော်ဝါရီ ၁၀ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူးကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်နားရှိ ဖလူးကျေးရွာကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကော်မရှင်တပ်က လေးကေကော်မြို့အနီး ရသေ့ဂူရွာကနေ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက်ပိုင်းကစလို့ စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ…

ကော့သောင်းမှာ လူငယ် လေးဦး စစ်မှုထမ်း ပေါ်တာဆွဲခံရ

ကော့သောင်း၊ ဖေဖော်ဝါရီ ၁၀ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်က လူငယ် လေးဦးကို ပေါ်တာဆွဲဖမ်းဆီးပြီးနောက် စစ်မှုထမ်း တပ်သားသစ် စုဆောင်းလိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ လောင်းကစားဝိုင်းက ပြန်လာတဲ့ လူငယ် လေးဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေဟာ…

နျူကလီးယား လက်နက် လျှို့ဝှက် စမ်းသပ်နေတယ်ဆိုတဲ့ အမေရိကန်ရဲ့ ပြောဆိုချက် တရုတ် ပယ်ချ

ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၀ နျူကလီးယား လက်နက် ဖောက်ခွဲစမ်းသပ်မှုတွေ လျှို့ဝှက်ပြုလုပ်နေတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို တရုတ်အစိုးရက ဖေဖော်ဝါရီ ၉ ရက်မှာ ပယ်ချလိုက်ပြီး ဝါရှင်တန်က သူတို့ကိုယ်တိုင် စမ်းသပ်မှုတွေ ပြုလုပ်ဖို့ ဆင်ခြေအနေနဲ့ အခုလို စွပ်စွဲနေတာ ဖြစ်ကြောင်း တုံ့ပြန်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၆ ရက်က ဂျီနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ နျူကလီးယား…