ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၀

ထိုင်းရွေးကောက်ပွဲအတွင်း ပုံမှန်မဟုတ်တဲ့ မဲပေးမှုတွေ ရှိခဲ့တဲ့ အငြင်းပွားစရာ မဲဆန္ဒနယ်တွေမှာ မဲပြန်လည် ရေတွက်ပေးရေး ပြည်သူ့ပါတီက ဖေဖော်ဝါရီ ၉ ရက်က တောင်းဆိုထား ပါတယ်။

အထူးသဖြင့် စာရင်းမဝင်တဲ့ မဲအရေအတွက် စံချိန်တင် များပြားပြီး ရာခိုင်နှုန်း အနည်းငယ်ပဲ ကွာဟမှု ရှိခဲ့တဲ့ လမ်ပန်းနဲ့ ခွန်ကာအန် မဲဆန္ဒနယ်တွေမှာ မဲပြန်လည် ရေတွက်ပေးရေး ပြည်သူ့ပါတီက တောင်းဆိုထားတာ ဖြစ်ပါတယ်။

မဲအရေအတွက် ထောင်ဂဏန်း အနည်းငယ်နဲ့ အနိုင်ရခဲ့ပေမယ့် အများပြည်သူ ထည့်ခဲ့တဲ့ မဲ ၇၀၀၀ ကျော် တရားမဝင်ဘူးလို့ သတ်မှတ်ခံခဲ့ရတဲ့ လမ်ပန်းဒေသရဲ့ မဲဆန္ဒနယ် ၂ ခုမှာ မဲပြန်လည် ရေတွက်ပေးရေး ပြည်သူ့ပါတီ ခေါင်းဆောင် နာသာဖွန်က တောင်းဆိုထားတာပါ။

အနိုင်ရတဲ့ ပါတီနဲ့ ရှုံးနိမ့်တဲ့ ပါတီကြား မဲကွာခြားချက် ရာဂဏန်းလောက်ပဲ ရှိခဲ့တဲ့ ခွန်ကာအန်ဒေသရဲ့ မဲဆန္ဒနယ် ၃ ခုမှာ ပုံမှန် မဟုတ်တဲ့ မဲတွေနဲ့ တရားမဝင်ဘူးလို့ သတ်မှတ်ခံရတဲ့ မဲတွေ ရှိနေတာကြောင့် ပြန်လည် စိစစ်ပေးရေး ပြည်သူ့ ပါတီက တောင်းဆိုထားတာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီထောက်ခံသူတွေအနေနဲ့ ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်တွေကို တိုက်ရိုက် သတင်းပေးပို့ရေး ပါတီရဲ့ ဥပဒေအကြံပေးအဖြစ် မစ္စတာ တီရာကို ခန့်အပ်ထားကြောင်းလည်း ပါတီခေါင်းဆောင် နာသာဖွန်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရထားတဲ့ ဘွန်ဂျိုင်ထိုင်းပါတီနဲ့ ညွှန့်ပေါင်း အစိုးရဖွဲ့ဖို့ စီစဉ်နေတယ်ဆိုတဲ့ ပြောဆိုမှုနဲ့ ပတ်သက်လို့ ပြည်သူ့ ပါတီက ငြင်းဆိုပြီး အဲဒီလို ဆက်သွယ်မှုမျိုး မရှိဘူးလို့ ပြောပါတယ်။

လက်ရှိ ဝန်ကြီးချုပ် အနုတင်ရဲ့ ဘွမ်ဂျိုင်ထိုင်း ပါတီဦးဆောင်တဲ့ အစိုးရ အဖွဲ့နဲ့ ပူးပေါင်းမှာ မဟုတ်ဘူးလို့ ပြည်သူ့ပါတီ ခေါင်းဆောင် နာသာဖွန်က တုံ့ပြန်ထားပါတယ်။

ရွေးကောက်ပွဲ အနိုင်ရတာနဲ့ ရှုံးနိမ့်တာတွေဟာ အကြောင်းရင်းများစွာကြောင့် ဖြစ်လာတာ ဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲ အလွန် ပြန်လည် သုံးသပ်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း မစ္စတာ နာသာဖွန်က ဆိုပါတယ်။

ရွေးကောက်ပွဲ အနိုင်မရခဲ့ပေမယ့် အများပြည်သူ အကျိုးအတွက် ဆက်လက် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ နိုင်ငံတော် အကျိုးစီးပွားကို ပထမဆုံး ဦးစားပေးမယ်ဆိုရင် အမှန်တကယ် ရှုံးနိမ့်တယ်ဆိုတာ မရှိ ပြည်သူ့ပါတီ ခေါင်းဆောင်က ပြောဆိုထားတာ ြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.