အီရန်နဲ့ ကုန်သွယ်တဲ့ နိုင်ငံတွေကို အခွန် တိုးကောက်မယ်လို့ ခြိမ်းခြောက်ထားတဲ့ အမိန့် ထရန့် လက်မှတ်ရေးထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၇ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ဖေဖော်ဝါရီ ၆ ရက်က လက်မှတ်ရေးထိုးလိုက်တဲ့ အထူး ညွှန်ကြားချက်တစ်ရပ်မှာ သူက အီရန်နဲ့ ဆက်လက် ကုန်သွယ်နေတဲ့ နိုင်ငံတွေကို ထပ်တိုး အခွန် ပြဌာန်းနိုင်ကြောင်း ပြောထားပါတယ်။ အီရန်နဲ့ တိုက်ရိုက်ရော တိုက်ရိုက်မဟုတ်ဘဲရော ကုန်သွယ်နေတဲ့ နိုင်ငံတွေအပေါ် အခွန်တိုးကောက်နိုင်ကြောင်း အဲဒီ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။…
