January 2026

သထုံမှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ စစ်မှုထမ်းတပ်သား နှစ်ဦး အလင်းဝင်

သထုံ၊ ဇန်နဝါရီ ၁ မွန်ပြည်နယ် သထုံမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် စစ်သားစုဆောင်းခံရတဲ့ စစ်မှုထမ်း တပ်သား နှစ်ဦး အလင်းဝင်လာတယ်လို့ တပင်ရွေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။ အလင်းဝင်လာသူတွေဟာ သထုံဒေသခံတွေဖြစ်တဲ့ အသက် ၂၃ နှစ် အရွယ် အောင်သက်ဦးနဲ့ အသက် ၂၂ နှစ်အရွယ် ကျော်မင်းစိုးတို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ မွန်ပြည်နယ်…

ဘုတ်ပြင်းမှာ စစ်တပ် သုံးရက်ဆက် တိုက်ခိုက်ခံရလို့ အရာရှိအပါအဝင် ၈ ဦးသေဆုံး

ဘုတ်ပြင်း၊ ဇန်နဝါရီ ၁ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့မှာ စစ်ကော်မရှင်တပ် သုံးရက်ဆက် တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းမှာ ရွေးကောက်ပွဲလုံခြုံရေးအတွက် တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို…

ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အာဆီယံ စောင့်ကြည့်မယ်လို့ မလေးရှား ပြော

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁ ရွေးကောက်ပွဲ ပထမအသုတ် ကျင်းပပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို အာဆီယံက လေ့လာစောင့်ကြည့်သွားမှာ ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်က ပြောပါတယ်။ အာဆီယံအနေနဲ့ အဖွဲ့အစည်း တစ်ခုခုကို အချိန်မတိုင်ခင် တရားဝင် အသိအမှတ်ပြုရာ ရောက်စေမယ့် လုပ်ရပ်မျိုးကိုလည်း ရှောင်ရှားသွားမှာ ဖြစ်ကြောင်း သူက ဆိုပါတယ်။ စစ်ခေါင်းဆောင်တွေ ကျင်းပတဲ့…

အချုပ်အခြာ အာဏာကို ကာကွယ်မယ်လို့ ထိုင်ဝမ် သမ္မတ ကြွေးကြော်

တိုင်ပေ၊ ဇန်နဝါရီ ၁ ထိုင်ဝမ်သမ္မတ လိုင်ချင်းတီက မိမိတို့အနေနဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ပြီး ကာကွယ်ရေး အင်အား အားပိုကောင်းလာအောင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားကြောင်း ဇန်နဝါရီ ၁ ရက်မှာ ပြောလိုက်ပါတယ်။ ဘေဂျင်းအစိုးရက ထိုင်ဝမ်တဝိုက် ၅ နေရာမှာ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ပြီး ထိုင်ဝမ်ဖက်သို့ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက်မှာ လိုင်ချင်းတီက အခုလိုမျိုး…

အမေရိကန် မြို့ တချို့ရှိ အမျိုးသားအစောင့်တပ်ဖွဲ့တွေကို ရုတ်သိမ်းမယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၁ ချီကာဂိုနဲ့ လော့စ်အိန်ဂျယ်လိစ်တို့အပါအဝင် အမေရိကန်ရဲ့ မြို့ တချို့မှာရှိတဲ့ အမျိုးသားအစောင့် တပ်ဖွဲ့တွေကို ပြန်ရုတ်သိမ်းတော့မှာဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ ရဲလုပ်ငန်းတွေအတွက် စစ်သားတွေ အသုံးပြုမှုနဲ့ပတ်သက်လို့ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း နိုင်ငံတော်တရားရုံးက လျှော့ချလိုက်ပြီးနောက် အခုလို ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ပိုအားကောင်းတဲ့…

ထိုင်ဝမ်ကို ပြန်လည်ရယူမယ်လို့ ရှီကျင့်ဖျင် ထပ်မံ ကတိပြု

ဘေဂျင်း၊ ဇန်နဝါရီ ၁ တရုတ်သမ္မတ ရှီကျင့်ဖျင်က မှတ်ဉာဏ်တုနဲ့လျှပ်တစ်ပိုင်းကူး ပစ္စည်းတို့လို နည်းပညာ လုပ်ငန်းနယ်ပယ်မှာ တရုတ်နိုင်ငံ တိုးတက်လာမှုကို ဒီဇင်ဘာ ၃၁ ရက်မှာ ချီးကျူးလိုက်ပြီး ထိုင်ဝမ်ကို သိမ်းပိုက်မယ်လို့ ထပ်မံ ကတိပြုလိုက်ပါတယ်။ နိုင်ငံပိုင် မီဒီယာက ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းမှာ ထုတ်ခွင့်ခဲ့တဲ့ နှစ်သစ်ကူး အကြိုမိန့်ခွန်းမှာ ရှီကျင့်ဖျင်က စစ်ဖက်ဆိုင်ရာ…