January 2026

အကိုက်အခဲ ပျောက်ဆေးတွေ သောက်သုံးနေရပေမယ့် ကျန်းမာရေး ဒေါင်ဒေါင်မြည်ပဲလို့ ထရန့် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၂ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အကိုက်အခဲ ပျောက်ဆေးတွေ ဆရာဝန်ညွှန်ကြားထားတဲ့ ပမာဏထက် ပိုပြီး နေ့စဉ် သောက်သုံးနေပေမယ့် ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းမွန်တယ်လို့ ပြောလိုက်ပါတယ်။ သူ့ရဲ့ လက်ဖမိုးပေါ်က ပွန်းပဲ့ရာတွေကို ဖုံးအုပ်ဖို့ မိတ်ကပ်တွေ သုံးနေပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ရတာ ပျင်းစရာကောင်းတာကြောင့် မလုပ်ဘူးလို့ ထရန့်က ပြောပါတယ်။ သူ့ရဲ့…

ထိုင်းမှာ နှစ်သစ်ကူး အားလပ်ရက် ပထမဆုံး ၃ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၁၄၅ ဦး သေဆုံး

ဘန်ကောက်၊ ဇန်နဝါရီ ၂ နှစ်သစ်ကူး အားလပ်ရက် ခရီးသွားကာလ ပထမဆုံး သုံးရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၄၅ ဦး ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၇၆၉ ဦး ရှိကြောင်း ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂ ရက်မှာ ပြောပါတယ်။ ဘန်ကောက်မြို့မှာ သေဆုံးသူ အများဆုံး ဖြစ်ပြီး ယာဉ်မတော်တဆ ဖြစ်ပွားမှု အကြိမ်ရေ အများဆုံးကတော့…

ရေးမှာ အခုရက်ပိုင်းအတွင်း လူငယ် ၂၅ ဦးထက်မနည်း ဖမ်းဆီးခံရ

ရေး၊ ဇန်နဝါရီ ၂ စစ်ကော်မရှင်တပ် လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ အခုရက်ပိုင်းအတွင်း လူငယ် ၂၅ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲနီးကပ်လာချိန် ရေးမြို့ရှိ လမ်းဆုံလမ်းဂွတွေအပါအဝင် မြို့အဝင်အထွက် နေရာတွေမှာ အဖွဲ့ ၁၀ ဖွဲ့ကျော် ခွဲပြီး ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။ အဲဒီလို ပိတ်ဆို့စစ်ဆေးစဉ် အမျိုးသား…

ရွေးကောက်ပွဲ မဲလာပေးဖို့ မှတ်ပုံတင် ပျက်ဆီး/ပျောက်ဆုံး အထူးစီမံချက်နဲ့ လုပ်ပေးနေ

နေပြည်တော်၊ ဇန်နဝါရီ ၂ ရွေးကောက်ပွဲမှာ မှတ်ပုံတင် ပျက်ဆီး/ပျောက်ဆုံးသူတွေ မဲပေးနိုင်ဖို့ နိုင်ငံသားကတ်ပြားတွေကို အထူးကိစ္စတစ်ရပ်အဖြစ် လုပ်ဆောင်ပေးနေတယ်လို့ စစ်ကော်မရှင် လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အား ဝန်ကြီးဌာနက ဇန်နဝါရီ ၁ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်က အခုကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်နဲ့ ဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုရွေးကောက်ပွဲကာလမှာ…

စစ်ပွဲကြောင့် သွေးစွန်းနေတဲ့ နိုင်ငံတွေမှာ ငြိမ်းချမ်းရေး ရရှိစေဖို့ ပုပ်ရဟန်းမင်းကြီး ပန်ကြား

ရောမ၊ ဇန်နဝါရီ ၂ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ၂၀၂၆ ခုနှစ် နှစ်သစ်မှာ စစ်ပွဲတွေကြောင့် သွေးစွန်းနေတဲ့ နိုင်ငံတွေနဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရနေကြတဲ့ မိသားစုတွေအတွက် ငြိမ်းချမ်းရေး ရရှိ စေဖို့ ဇန်နဝါရီ ၁ ရက်က ပန်ကြားခဲ့ပါတယ်။ နှစ်သစ်ကူး အခါသမယမှာ စိန့်ပီတာ ဘုရားကျောင်းမှာ ပုပ်ရဟန်းမင်းကြီးက ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ပြီး…

အမေရိကန်နိုင်ငံသားတွေကို ဗင်နီဇွဲလား ဆက်တိုက် ဖမ်းဆီးနေ

ကာရာကတ်စ်၊ ဇန်နဝါရီ ၂ ဗင်နီဇွဲလားသမ္မတ နီကိုလာ့စ် မာဒူရိုကို အမေရိကန်က ဆန့်ကျင်ဖိအားပေးမှု ပိုများလာချိန်မှာ ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အမေရိကန်နိုင်ငံသားတွေကို ဆက်တိုက် ဖမ်းဆီးနေပြီး ဖမ်းဆီးခံရသူ ၅ ဦးထက်မနည်း ရှိနေပြီလို့ အမေရိကန်အရာရှိ တစ်ဦးက ပြောပါတယ်။ အမေရိကန် နိုင်ငံသား တစ်ဦးချင်း ဖမ်းဆီးခံရတဲ့ အခြေအနေတွေက အမျိုးမျိုး ဖြစ်ပြီး တချို့ဟာ မူးယစ်ဆေးဝါး…

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲ အပိုင်း ၂ အတွက် ပါတီတွေရဲ့ မဲဆွယ်မှု ဘယ်လိုရှိနေလဲ

မော်လမြိုင် ၊ ဇန်နဝါရီ ၂ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ အပိုင်း ၂ မှာပါဝင်တဲ့ မြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေတာပါ။ စစ်ကော်မရှင်ဟာ လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ အပိုင်း ၂ ကို မွန် ပြည်နယ်အတွင်းရှိ…

ဒုတိယစာမျက်နှာ ဆက်သွားမယ်လို့ စစ်ခေါင်းဆောင်ကပြောပြီး NUG ကလည်း ပြည်သူ့နှလုံး သိမ်းကြုံးနိုင်ရေး တိုက်တွန်း

မော်လမြိုင် ၊ ဇန်နဝါရီ ၂ အာဏာသိမ်းမှု ငါးနှစ်နီးပါးရောက်ရှိလာချိန်မှာ စစ်ခေါင်းဆောင်က ဒုတိယစာမျက်နှာ ဆက်သွားမယ်လို့ ပြောပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ပြည်သူ့နှလုံး သိမ်းကြုံးနိုင်တဲ့ တော်လှန်ရေးအဖွဲ့တွေဖြစ်အောင် အားထုတ်ဖို့ နှစ်သစ်ကူးမိန့်ခွန်းမှာ တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံရေးတရားဝင်မှုရဖို့ ကြိုးပမ်းလုပ်ဆောင်ရဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ရွေးကောက်ပွဲအပိုင်း ၁ ကို ပြီးခဲ့တဲ့ ဒီဇင်ဘာနှောင်းပိုင်းမှာ ကျင်းပပြီးစီးခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ…

BGF ကနေ KNA ပြောင်းလဲမှုကြောင့် ဘားအံမြို့မှာ စစ်တပ်အရေးပေါ်တပ်လှန့်ထား

ဘားအံ၊ ဇန်နဝါရီ ၂ ကရင်နယ်ခြားစောင့်တပ် BGF ကနေ ကရင်အမျိုးသားတပ်မတော် KNA အဖြစ် ပြောင်းလဲဖွဲ့စည်းမှုကြောင့် ကရင်ပြည်နယ် ဘားအံမြို့ပေါ်နဲ့ ကျေးရွာတွေမှာ စစ်ကော်မရှင်တပ်က လုံခြုံရေးတိုးမြင့်ချထားပြီး အရေးပေါ်တပ်လှန့်ထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး BGF က တပ်ရင်းတပ်ဖွဲ့တွေအများစုမှာ KNA ဘက်တံဆိပ်သစ်ကို ပြောင်းလဲတပ်ဆင်အသုံးပြုလိုက်ပြီး ဒီလိုပြောင်းလဲတပ်ဆင်အသုံးပြုတဲ့အပေါ်…

ရွေးကောက်ပွဲအပြီး ပွင့်ဖြူမှာ စစ်ကော်မရှင်လက်အောက်ခံတွေက ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ ရှိနေ

မကွေး ဇန်နဝါရီ ၁ မကွေးတိုင်း ပွင့်ဖြူမြို့နယ်က စစ်ကော်မရှင်လက်အောက်ခံတွေဟာ ဒေသခံတွေကို ရွေးကောက်ပွဲအပြီး မှာ ဆက်တိုက်ဖမ်းဆီးတာနဲ့ စျေးဝယ်လမ်းကြောင်း ပိတ်ဆို့တာတွေ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်​ဘာ ၂၈ ရက်မှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲပြီးဆုံးတာဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်ကစလို့ ဒေသခံ ၃၀ ဝန်းကျင်ကို ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေတယ်လို့…