ရေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦး သေဆုံး
ရေး၊ ဇန်နဝါရီ ၁၉ မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ အောင်သပြေကျေးရွာထဲ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က…
